Posts

Hacker ဆိုတာ ဘာလဲ?

Image
  Hacker ဆိုတာ Electronic ပစ္စည်းတွေ၊ ကွန်ပြုတာ စနစ်တွေ၊ Network စနစ်တွေကို အလွန်ကလိချင်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကွန်ပြုတာ စနစ် အလုပ်လုပ်ပုံကို အသေးစိတ် သိချင်နေသူတွေဖြစ်ပြီး ပိုမိုကောင်းမွန်အောင် အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေချင်နေကြပါတယ်။ Hacker အမျိုးအစား (၂) မျိုး ရှိပါတယ်။ White Hat သူတို့ကို Good Guy အဖြစ် သတ်မှတ်ကြပါတယ်။ White Hat Hacker တွေဟာ တရားဥပဒေ ချိုးဖောက်ဖို့ အတွက် သူတို့ရဲ့ ပညာရပ်ကျွမ်းကျင်မှုတွေကို အသုံးမပြုကြပါဘူး။ များသောအားဖြင့် သူတို့ဟာ ကွန်ပြူတာ လုံခြုံရေး ကျွမ်းကျင်သူတွေ ဖြစ်လာကြပြီး Black Hat တွေရဲ့ ရန်ကနေ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးပါတယ်။ Black Hat သူတို့ကိုတော့ Bad Gay အဖြစ် သတ်မှတ်ကြပါတယ်။ Black Hat Hacker တွေက သူတို့ရဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေကို ကိုယ်ကျိုးအတွက် အသုံးချပါတယ်။ Black Hat တွေဟာ ဘယ်လိုလူစားတွေလဲ ဆိုတော့ ဘဏ်တွေကို ထိုးဖောက်ဝင်ရောက်တယ်၊ Credit Card တွေကို ခိုးတယ်၊ Website တွေကို ပုံစံပြောင်း ပြုပြင်ရေးသားကြတယ်။ ဒီစကားလုံးနှစ်ခုဟာ ရှေးဟောင်းအနောက်တိုင်း ရုပ်ရှင်က ဆင်းသက်လာ ကြတာဖြစ်ပြီး လူကောင်းတွေက ဦးထုပ်ဖြူ ဆောင်းကြပ...

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း 2

Image
   ဝေဖြိုးအောင် (AIT Computer) ယခင်အပတ်မှအဆက် Android OS က Linux OS ကို အခြေခံတည်ဆောက်ထားပါတယ်။ Linux OS က Unix OS ကို အခြေခံထားတာပါ။ ဒါကြောင့် OS family အရ ပြောမယ်ဆိုရင် Android OS ဟာ Unix အမျိုးအနွယ်ဝင် ဖြစ်ပါတယ်။ Android OS မှာ အသုံးပြုထားတဲ့ Programming Language တွေက C (core), C++, Java(UI) တို့ဖြစ်ပါတယ်။ Unix OS ကို ခမ်းသောပဆွန်နဲ့ ဒန်းနစ်ရစ်ချီတို့က ၁၉၆၉ ခုနှစ်မှာ စတင်ရေးသားခဲ့ကြပြီး ၁၉၇၀ မှာ စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Linux OS ရဲ့ အဓိက Kernel ကိုတော့ လင်းနစ်တာဗယ်က ၁၉၉၁ မှာ စတင်ရေးသားပြီး အင်တာနက်မှ တဆင့် သူ့ရဲ့ Linux OS ကို Open Source အဖြစ် မည်သူမဆို စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်တဲ့ OS အဖြစ် Free ဖြန့်ချီခဲ့ပါတယ်။ Linux OS ရဲ့ Kernel Version 2.6 နဲ့ 3.x ကို အခြေခံထားတဲ့ Android OS ကိုတော့ ၂၀၀၅ မှာ စတင်ရေးသားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဖြန့်ချီခဲ့ပါတယ်။ User Interface Android ရဲ့ User Interface ဟာ မျက်နှာပြင်ကို တိုက်ရိုက်ထိတွေ့နိုင်တဲ့ Touch Screen နည်းပညာကို အသုံးပြုထားပါတယ်။ ဖိဆွဲခြင်း (swiping), ဆက်ခနဲ တောက်ခြင်း (tapping), မြင်ကွင်းအကျဉ်း အကျယ်လုပ်ရန် လက်နှစ်ချောင်းဖြင...

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း

Image
  Android OS ဆိုတာ Smart Phone, Tablet စသည် Touchscreen Mobile Device အတွက် ရည်ရွယ် ဒီဇိုင်းဆွဲထားတဲ့ Linux အခြေပြု Operating System တစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာကို Android Inc က စတင် Developed လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ Google က ဝယ်ယူခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ Mobile Device တွေအတွက် စံချိန်စံညွှန်းတွေကို သတ်မှတ်နိုင်ဖို့ Open Handset Alliance အဖွဲ့ကို ထူထောင်ရင်းနဲ့ Android OS ကို Google က စတင်မိတ်ဆက်ခဲ့တယ်။ Android OS ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး Android Phone ကို ၂၀၀၈ ခုနှစ် အောက်တိုဘာမှာ စတင်ရောင်းချခဲ့တယ်။ Google ဟာ Android OS ကို Open Source အနေနဲ့ Apache License အောက်ကနေ Code တွေကို ဖြန့်ဝေပေးခဲ့တယ်။ ဒီ Android Souce Code တွေကို Hardware Device ထုတ်လုပ်သူတွေ၊ နည်းပညာစိတ်ဝင်စားသူ မည်သူမဆို လွတ်လပ်စွာ ဖြန့်ဝေခွင့်၊ စိတ်ကြိုက် ပြန်လည်ပြင်ဆင်ခွင့်တွေ ပေးခဲ့တယ်။ Android Platform မှာ run နိုင်တဲ့ Application တွေကို Software Developer တွေက သူတို့စိတ်ကြိုက် JAVA programming language version နဲ့ ရေးသားကြတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်းထိမှာတောင် Android Application စုစုပေါင်း (၇) သောင်းကျော် ရှိခဲ့တယ်...

Computer Virus အကြောင်း သိကောင်းစရာများ

Image
   Virus ဆိုတာလက်ရှိ အိုင်တီလောကကို ချိန်းခြောက်နေတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး Black Hacker တွေရဲ့ လက်ပါးစေ Program ဖြစ်ပါတယ်။ မကြာခင်စတင်တော့မယ့် Cyber War ရဲ့ ရှေ့တန်းစစ်မြေပြင် စစ်သားတွေဟာ Computer Virus တွေဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။ အီရန် နျူးကလီးယာ အစီအစဉ်တွေကို Stunex Virus ထည့်သွင်းပြီး စောင့်ကြည့်ခဲ့တဲ့ အစ္စရေးလုပ်ရပ်ဟာ Computer Virus ကို အသုံးချပြီး သူလျှိုလုပ်ခဲ့တာပါပဲ။ အပျော်တမ်းအဆင့်ကနေ စတင်ခဲ့တဲ့ Computer Virus ဟာ ခုချိန်မှာဆိုရင် နိုင်ငံရေး၊ စီးပွားရေးထိ အသုံးချလို့ ရနေတဲ့ Professional Virus ဖြစ်နေပါပြီ။ ဗိုင်းရပ်အကြောင်း သင်ရိုးညွှန်တမ်းတွေဆွဲပြီး စနစ်တကျ လေ့လာဆည်းပူးရတဲ့ ဘာသာရပ်အဖြစ် သုတေသနလုပ်နေရတဲ့ အဆင့်ကို ရောက်နေပါပြီ။ Computer စတင်‌ပေါ်‌ပေါက်လာပြီး မကြာခင်မှာပဲ Computer Network ဆိုတာလည်း ဖြစ်‌ပေါ်လာပါတယ်။ Network နဲ့ Virus ဘယ်ဟာက ‌စောသလဲဆိုရင်‌တော့ Virus က Network ထက် ပို‌စောပါတယ်။ Computer Standalone ‌ခေတ်မှာကတည်းက Virus ဟာ Floppy Disk ‌တွေက တစ်ဆင့် ပြန့်နှံ့လာပါတယ်။ Network လည်း‌ပေါ်လာ‌ရော data ‌တွေနဲ့အတူ Virus File ‌တွေလည်း Cable ကြိုးက...

The Speed of CPU & Human Mind

Image
  Credit to ဗုဒ္ဓ အမြဲတမ်း တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကြီးထဲမှာ ကွန်ပျူတာရဲ့ ဉီးနှောက်လို့ ပြောရမည့် CPU Speed တွေလည်း မယုံကြည်နိုင်လောက်တဲ့ speed တွေနဲ့ တိုးတက်မြင့်မားလာနေပါတယ်။ နောက်အခါကျရင် လူဉီးနှောက်ရဲ့ speed တောင် ကျော်သွားမလာဆိုတာ စိုးရိမ်စရာကောင်းတဲ့ အနေအထားမှာ ရှိနေပါပြီ။ Develop ဖြစ်လာတဲ့ AI နည်းပညာနဲ့ CPU ကို Robot ထဲ ထည့်လိုက်လို့ကတော့ စက်ရုပ်တွေက လူတွေတောင် အုပ်ချုပ်သွားမလားပဲ။ ဖြစ်နိုင် မဖြစ်နိုင် ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ပါဉီး။ ``` ``` ``` မဋ္ဌကုဏ္ဍလီ ကျွန်‌တော့်အ‌ကြောင်းမ‌ပြောခင် ကျွန်‌တော့်အ‌ဖေအ‌ကြောင်း အရင်‌ပြောမယ်။ ဒီဇာတ်လမ်းမှာ ကျွန်‌တော့်ထက် ကျွန်‌တော့်အ‌ဖေက အဓိကဇာတ်လိုက်ဖြစ်တယ်။ ကျွန်‌တော်က ဇာတ်ရံသက်သက်ပါ။ အ‌ဖေက မြို့မှာ‌တော့ မြို့မျက်နှာဖုံး၊ မျက်နှာဖုံး‌တွေ လုပ်‌ရောင်းလို့ မြို့မျက်နှာဖုံးဖြစ်တာ မဟုတ်ဘူး။ တကယ်ပိုက်ဆံရှိလို့ မြို့မျက်နှာဖုံး ဖြစ်တာ။ အ‌ဖေ့မှာထူးခြားတာတစ်ခုရှိတယ်။ အရမ်းအရမ်းကို ကပ်‌စေးနှ‌မြှောတာ၊ ကျွန်‌တော့နာမည် ‘‘နား‌တောင်းပြား’’ လို့တွင်တာကိုပဲကြည့်၊ မဋ္ဌ-‌ပြေပြစ်‌သော၊ ကုဏ္ဍလီ – နား‌တောင်းရှိသူ။ သူ‌ဌေးဖြစ်ပြီး သူ့သားကို နား‌ဋောင်း‌...

ဆုတောင်းလေ ဆုတောင်း

Image
  လာမည့် (၅) နှစ်အတွင်းမှာ မြန်မာတစ်နိုင်ငံလုံး Myanmar Unicode Font ကို တညီတညွတ်တည်း တပြိုင်နက် အသုံးပြုဖို့ အားလုံး သဘောတူညီကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ နည်းပညာကဏ္ဍဟာ ဘာသာစကား အခက်အခဲကြောင့် ဖြစ်ရတဲ့ ပြဿနာတွေ ကင်းဝေးသွားမှာ ဖြစ်ပါတယ်။ (ဆုတောင်းလေ ဆုတောင်း) မြန်မာနိုင်ငံရဲ့ ငွေကြေးပိုက်ဆံတွေကို လွတ်လပ်ရေး ရယူပေးခဲ့ကြတဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ပုံတွေနဲ့ ပြန်လည် အစားထိုးမည့်ရက်ဟာ သိပ်မဝေးတော့တဲ့ ကာလမှာ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ (ဆုတောင်းလေ ဆုတောင်း) မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အသည်းနှလုံး ဧရာဝတီ မြစ်ဆုံ စီမံကိန်းဆိုတဲ့ စကားလုံးဟာ ကြားရမှာတောင် မဟုတ်တော့ပါဘူး။ (ဆုတောင်းလေ ဆုတောင်း) အမေရိကန် (၁) ဒေါ်လာဟာ မြန်မာကျပ်ငွေ (၁၀၀၀) နဲ့ ပြန်ညီတော့မှာ ဖြစ်ပါတယ်။ (ဆုတောင်းလေ ဆုတောင်း) မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုသူ သန်း (၃၀) ထဲကနေ (၁) သန်းလောက်ဟာ Online Training တွေကနေ စဉ်ဆက် မပြတ် ပညာသင်ယူနေကြပြီး နိုင်ငံတကာ Certificate, ဘွဲ့များ ရရှိကြပါမယ်။ (ဆုတောင်းလေ ဆုတောင်း) အခုတောင် လူ (၁၀၀၀) မပြည့်သေး။ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍတွေမှာ အချိန်ပြည့် အင်တာနက် ချိတ်ဆက်ထားခြင်း၊ Digit...

နည်းပညာစာအုပ်တွေ ရေးသားရခြင်း အကြောင်းတရား

Image
  ကျွန်တော် ကွန်ပျူတာလောကထဲ ရောက်ခါစ 2005 ခုနှစ်က မြန်မာနည်းပညာစာအုပ်တွေ အလွန်နည်းပါးပါတယ်။ ဘာသာရပ် အစုံလည်း မရှိပါဘူး။ တစ်ရက်မှာ မန္တလေးမှာ ရှိတဲ့ နဂါးစာပေကို သွားပြီး သိချင်တဲ့ အကြောင်းအရာတစ်ခုအတွက် စာအုပ်သွားရှာပါတယ်။ မရှိပါဘူး။ အဲဒီတုန်းက ဗွီဒီယို ရိုက်ကူး တည်းဖြတ်လုပ်နေတဲ့အချိန်ဆိုတော့ Editing နဲ့ ပတ်သက်တဲ့ စာအုပ်ပါ။ ဒါနဲ့ ငါ့ဖာသာ ငါ လေ့လာပြီး စာအုပ်ရေးမယ်ဆိုပြီး Idea ရလာပါတယ်။ လိုအပ်တဲ့ Data တွေကို အင်တာနက်ဆိုင် သွားပြီး Download ဆွဲ၊ Memory Stick နဲ့ ကော်ပီးကူးလာ၊ အိမ်က ကွန်ပျူတာမှာ အဲလေ ယောင်လို့ အဲဒီတုန်းက ကိုယ်ပိုင်ကွန်ပျူတာ မဝယ်နိုင်သေးဘူး။ ဆရာ ကိုတေဇာမြင့်ရဲ့ IPG Computer သင်တန်းမှာ လက်ထောက် သင်တန်း ဆရာလုပ်ရင်းနဲ့ သင်တန်းအားတဲ့အချိန်မှာ စာအုပ်ရေးပါတယ်။ Dialogbox တွေ ကို ကီးဘုတ်ပေါ်က Print Screen Key နဲ့သုံးပြီး စာအုပ်ရေးတာကို ဆရာကိုတေဇာမြင့်က သင်ပေးထားပြီး နောက်ပိုင်းမှာ ကျွန်တော် စာအုပ်တွေ ဆက်တိုက်ရေးချင်လာတယ်။ IPG သင်တန်းမှာ Word အတွက်သာ စာအုပ်ရှိပြီး Excel က စာအုပ် မရှိသေးဘူး ဖြစ်နေတယ်။ ဒါနဲ့ ဆရာကလည်း မင်း Excel ရေးကြည့်လိုက်ဆိုပြီး ခိုင်းလို့ Excel အရင် ရေးဖြစ်တယ်။ ...