The Speed of CPU & Human Mind
Credit to ဗုဒ္ဓ
အမြဲတမ်း တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကြီးထဲမှာ ကွန်ပျူတာရဲ့ ဉီးနှောက်လို့ ပြောရမည့် CPU Speed တွေလည်း မယုံကြည်နိုင်လောက်တဲ့ speed တွေနဲ့ တိုးတက်မြင့်မားလာနေပါတယ်။ နောက်အခါကျရင် လူဉီးနှောက်ရဲ့ speed တောင် ကျော်သွားမလာဆိုတာ စိုးရိမ်စရာကောင်းတဲ့ အနေအထားမှာ ရှိနေပါပြီ။ Develop ဖြစ်လာတဲ့ AI နည်းပညာနဲ့ CPU ကို Robot ထဲ ထည့်လိုက်လို့ကတော့ စက်ရုပ်တွေက လူတွေတောင် အုပ်ချုပ်သွားမလားပဲ။ ဖြစ်နိုင် မဖြစ်နိုင် ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ပါဉီး။
```
```
```
မဋ္ဌကုဏ္ဍလီ
ကျွန်တော့်အကြောင်းမပြောခင် ကျွန်တော့်အဖေအကြောင်း အရင်ပြောမယ်။ ဒီဇာတ်လမ်းမှာ ကျွန်တော့်ထက် ကျွန်တော့်အဖေက အဓိကဇာတ်လိုက်ဖြစ်တယ်။ ကျွန်တော်က ဇာတ်ရံသက်သက်ပါ။ အဖေက မြို့မှာတော့ မြို့မျက်နှာဖုံး၊ မျက်နှာဖုံးတွေ လုပ်ရောင်းလို့ မြို့မျက်နှာဖုံးဖြစ်တာ မဟုတ်ဘူး။ တကယ်ပိုက်ဆံရှိလို့ မြို့မျက်နှာဖုံး ဖြစ်တာ။ အဖေ့မှာထူးခြားတာတစ်ခုရှိတယ်။ အရမ်းအရမ်းကို ကပ်စေးနှမြှောတာ၊ ကျွန်တော့နာမည် ‘‘နားတောင်းပြား’’ လို့တွင်တာကိုပဲကြည့်၊ မဋ္ဌ-ပြေပြစ်သော၊ ကုဏ္ဍလီ – နားတောင်းရှိသူ။ သူဌေးဖြစ်ပြီး သူ့သားကို နားဋောင်းလေးတောင် ဆင်မပေးဘူးလို့ ပြောခံရမှာမို့သာ နားတောင်းလုပ်ပေးထားတယ်။ သူများတွေလို ပန်းခတ်ပုံတွေဒီဇိုင်းတွေ ဖော်ရင် ရွှေပန်းထိမ်သည်ကို လက်ခပေးရမှာမို့လို့ သူကိုယ်တိုင်လုပ်တယ်။ အဲဒီတော့ နားတောင်းက မလှပဲ အပြားချည်းပဲ ဖြစ်နေတယ်။ ဒါဆိုရင် ကျွန်တော့်အဖေ နှမြောတာကိုသိလောက်ပါပြီ။ ဘယ်လောက်ကပ်စေး နှဲသလဲဆိုရင် အို သူ့ဇာတ်လမ်းတွေ ပြောနေရင် ပြီးမှာမဟုတ်တော့ဘူး။ အတော်နှမြောတယ်လို့သာ မှတ်ထားလိုက်။
တစ်ရက်မှာတော့ ကျွန်တော့်မှာ ရောဂါတစ်ခု အပြင်းအထန်ခံစားရတယ်။ AIDS တော့ မဟုတ်ပါဘူး။ အင်း ကျွန်တော့်အသက် ၁၆ နှစ်ထင်တယ်။ လူတောင် မလုပ်ရသေးဘူး၊ လူတစ်ယောက်အနေနဲ့တောင် ကောင်းကောင်း မရပ်တည်နိုင်သေး ဘူး။ လောကအကြောင်း ကျွန်တော်မသိသေးတာ အများကြီးလို့ပြောတာပါ။ တစ်မျိုးမတွေးပါနဲ့ ၊သားဖြစ်တဲ့ ကျွန်တော့်မှာ ရေမလျှံဘူး။ ရေမရှိတော့ အပေါင်းအသင်းလည်း မရှိဘူး။ ဒီရောဂါကလည်း တဖြေးဖြေးနဲ့ ပြင်းလာတယ်။ အသည်းရောင်အသည်းဝါ လို့တော့ ပြောတာပဲ။ အဖေကလည်း ဆေးဖိုးဝါးခ နှမြောလို့ ဘယ်သမားတော်မှ ခေါ်ပြမပေးဘူး။ ဒီလိုနဲ့ ကျွန်တော်သေမယ့် ရက်ဟာ တဖြေးဖြေးနဲ့ နီးလာတယ်။
ဪ မေ့နေတယ်။ ကျွန်တော့် ကိုးကွယ်တဲ့ ဘာသာကို မပြောရသေးဘူး။ ကျွန်တော်ကဘာသာခြားပါ။ ဘာသာမဲ့လို့ ပြောရင် ပိုမှန်လိမ့်မည်။ ဘာသာရေးနဲ့ ပတ်သက်ရင် ကျွန်တော်ဘာမှ ဟုတ်တိပတ်တိ မလုပ်ဖူးဘူး။ အခုလိုသေခါနီး ဘာကို အားကိုးရမှန်းမသိဘူး။ ကျွန်တော့်အဖေ ဦးကပ်စေးက ကျွန်တော်မသေခင် ဘာလုပ်တယ်များ မှတ်နေလဲ။ ကျွန်တော့်ကို အိမ်အပြင်ထုတ်ထားတယ်။ အဲ ဒီတစ်ခုတော့ ကျေးဇူးတင်ရမယ်။ ဒါမှ ကျွန်တော့်ကယ်တင်ရှင်နဲ့ တွေ့မှာ။ အိမ်အပြင်ထုတ်တဲ့ ရည်ရွယ်ချက်ကိုလည်း ကြည့်ပါဦး။ ကျွန်တော်သေလို့ လူတွေလာကြည့်ရင် သူ့အိမ်ထဲက သူပိုင်တဲ့ ပစ္စည်းတွေ တွေ့မှာစိုးလို့တဲ့။ အဲသလောက်တောင် ကပ်စေးနှဲတာ။
ကျွန်တော်သေဖို့ အချိန်က မိနစ်ပိုင်းပဲ ကျန်တော့တယ်။ ဘာကုသိုလ် ကောင်းမှုမှလည်း မလုပ်ခဲ့ရဘူး။ လုပ်ဖို့နေနေသာ ဒါက ကုသိုလ် ဒါက အကုသိုလ်မှန်းပင် မသိခဲ့ပါ။ ဘုမသိ ဘမသိနဲ့ လူ့ဘဝရောက်လာပြီး ဘုမသိဘမသိ နဲ့ပဲ လူ့ဘဝကနေ ပြန်ထွက်ခွာရမယ့် အဖြစ်မျိုး ကျွန်တော်ရင်ဆိုင်နေရပါပြီ။ အစ မကောင်းမှတော့ အနှောင်း မသေချာဘူးပေါ့။ ဒီအဖေ ဦးကပ်စေးနဲ့ပဲ ဘဝစတာ။ကြောင့်ကြတောင့်တစိုးရိမ်စွာနဲ့ပဲဘဝဆုံးမယ်ဆိုတာ သေချာပြီးသားပါ။
ဒါပေမယ့် ကျွန်တော့ဘဝဟာ ဒီပုဂ္ဂိုလ်တစ်ပါးကြောင့် ပြောင်းလဲသွားပါတယ်။ နံနက်မိုးသောက် နေအလင်းရောင်နဲ့အတူ နောက်လိုက်နောက်ပါတွေနဲ့ ပုဂ္ဂိုလ်တစ်ပါး အိမ်ရှေ့မှာ ရောက်လာတယ်။ အလင်ရောင်ကြောင့် မှိတ်ထားတဲ့ မျက်လုံးအစုံ ဖွင့်ကြည့်မိတယ်။ မျက်ဝန်းထဲမှာ ရုပ်ရည် ဉပကာယ ကြည်လင် တောက်ပတဲ့ မျက်နှာတော်ကို မြင်တွေ့ရတယ်။ ရင်ထဲမှာ ပြောမပြနိုင်တဲ့ ပီတိတစ်မျိုးခံစားရတယ်။ ရောဂါကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ခာကိုယ်ဟာ ခုနက ခံစားရတဲ့ ပီတိအဟုန်ကြောင့် ပေါ့ပါးလန်းဆန်းသလိုခံစားရတယ်။ အဲဒီပုဂ္ဂိုလ်ဟာ ကျွန်တော့်ဘဝကို တဒင်္ဂအတွင်းမှာပဲ လွှမ်းမိုးလိုက်သလိုခံစားရတယ်။ ဒီအချိန်မှာ ကျွန်တော်တတ်နိုင်တာဆိုလို့ မနိုင်တနိုင် လက်နှစ်ဖက်ကို မြှေက်ပြီး ရှိခိုးဦးတိုက်နိုင်တာပဲ ရှိတယ်။ ကာယကံ ကုသိုလ်ပေါ့၊ အဲဒီအချိန်လေးဟာ လက်ဖြောက်တစ်ချက်တီးကာလလေးပဲ ကြာပါတယ်။ ခုခေတ် အချိန်ကာလနဲ့ ပြောရင် တစ်စက္ကန့်ပါပဲ။ ပြီးတော့ ကျွန်တော့ စုတိစိတ် ကျသွားတယ်။ အဲဒါပါဠိလို ပြောတာ။ မြန်မာလိုပြောရင် သေသွားတယ်ပေါ့ဗျာ။ ဘာကုသိုလ်မှမပါပဲ ကျွန်တော် ဘယ်ဘဝ ရောက်မယ်ထင်သလဲ၊ အပေါ်လား? အောက်လား? ၊ ကျွန်တော် ကောင်းကင်ဘုံ ရောက်သွားတယ်။ ကျွန်တော်နတ်သားဖြစ်နေတာ သတိထားမိတယ်။ ဘေးမှကြည့်လိုက်တော့ မော်ဒယ်တွေ အများကြီးပဲ။ Internet ပေါ်မှာ တွေ့တာတွေထက် ပိုလှတယ်။ စိတ်ကသူတို့ကို မဝင်စားနိုင်သေးပါဘူး။ ငါ ဘာလို့ ဒီလိုကောင်းတဲ့ဘဝ ဖြစ်နေရတာလဲ။ ငါဘာကုသိုလ်ကောင်းမှုများ လုပ်ခဲ့လို့လဲ။ ဟာ သိပြီ ပုဂ္ဂိုလ် တစ်ပါး။ သူ့ကို နောက်ပိုင်းမှာ အများက ဗုဒ္ဓလို့ ခေါ်တာ သိရတယ်။ ဗုဒ္ဓရှိရာကို ကျွန်တော်သွားတယ်။ ကျွန်တော့်အဖော် မဒီတွေကို လည်း ခေါ်သွားတယ်။ ဒယ်ဒီ ဖားသား ဖေဖေ ပါပါကို သတိရလိုက်တာ။ ခမည်းတော် ဘယ်ရောက်နေပါလိမ့်။ သုဿာန်မှာ ငိုနေတာတွေ့ရတယ်။ အူဝဲ အူဝဲ နဲ့။
နောက်ဆုံးအခန်းကို ကျွန်တော်ပြောတော့မယ်။ ဖေဖေလည်း သူ့သောကတွေ ငြိမ်းအေးဖို့ ဗုဒ္ဓဆီရောက်လာတယ်။ကျွန်တော်လည်းရှိနေတယ်။ကျွန်တော့ကိုမြင်တော့ ဖေဖေအရမ်းအံ့သြ သွားတယ်။ ဘာကုသိုလ်မှ မလုပ်တဲ့သား အခုကျတော့ တယ်လို့ကြီးပွား နေသကိုး။ အလို ..ဘေးမှာလည်း ပေါက်စီတွေအများကြီး။ ဪ အရောင်တွေ လတ်နေလို့ကိုး။ပေါက်စီမဟုတ်ဘူး။နတ်သမီးတွေပဲ။ ဖေကလည်း ပေါက်စီနေရာလောက်ပဲ မြင်နေတာကိုး။ အကြောင်းစုံကို ဗုဒ္ဓမြတ်စွာဘုရား က ဟောကြားတော့ ကြည်ညိုသောစိတ်ဖြင့် ပြုလုပ်လိုက်သော ကုသိုလ်စိတ်ဟာ လက်ဖြောက်တစ်ချက်တီး ကာလလေးမှာပဲ ကဋေတစ်သိန်းဖြစ်ပျက်သွားပြီး ဤကဲ့သို့သော နတ်စည်းစိမ် အကျိုးကိုပေးတယ်။ မိမိပြုလုပ်တဲ့ကုသိုလ်ဟာ အရိပ်ပမာ မိမိနောက်က လိုက်လာပြီး အကျိုးပေးတယ်လို့ မိန့်ကြားတော်မူပါသည်။
ဒီဇာတ်လမ်းကို ကြည့်ခြင်းအားဖြင့် စိတ်ဟာ တစ်စက္ကန့်မှာ ကုဋေတစ်သိန်း ဖြစ်ပျက်တယ်ဆိုတာသိရပါတယ်။
CPU Speed တစ်စက္ကန့်ကို သန်း ၃ထောင်ဆိုတာ နေခဲ့တော့ ၊ ကုဋေတစ်သိန်း မှီအောင်လိုက်စမ်း CPU ရေ။
စောသေးလို့ အကျောပေးထားတာ။ ယာဉ်ထဲမှာတောင် စိတ်ကူးယဉ် အမြန်ဆုံးပဲ။
Credit to ဗုဒ္ဓ
ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com
Comments
Post a Comment