ဘုန်းကြီးကျောင်းသားဘဝမှ CEO ဖြစ်လာသူ
သူငယ်တန်းကနေ ဆယ်တန်းထိ ဘုန်းကြီးကျောင်းသားဘဝနဲ့ပဲ ငယ်စဉ်ကျောင်းသားဘဝ ကုန်ဆုံးခဲ့ရတယ်။ ဆင်းရဲတဲ့ ဘုန်းကြီးကျောင်းသားကို ဘယ်သူကမှ အဖတ်မလုပ်ကြလို့ မခံချင်စိတ်နဲ့ စာကြိုးစားရင် အမြဲတမ်း အတန်းထဲမှာ First, Second, Third ဝင်ခဲ့တယ်။
၁၉၉၉ (၁၀) တန်း Result ထွက်တော့ အနည်းဆုံးတော့ (၄) ဘာသာ ဂုဏ်ထူးပါမှာပဲဆိုတာ မျှော်လင့်ထားရင် (၂) ဘာသာ ဘာသာ (သင်္ချာ + သိပ္ပံတွဲ { Chemistry, Physics, Bio } ပဲ ဂုဏ်ထူးထွက်တော့ မှတ်မှတ်ရရ အဲဒီနေ့မှာ တစ်နေကုန် ငိုခဲ့ရတယ်။ အမှတ်စာရင်း ထွက်လာမှ (၃၈၈) ရပြီး အဲဒီနှစ်က ဆေးကျောင်းကလွှဲလို့ ကျန်တာ အကုန် အမှတ်မှီခဲ့တယ်။
အမှတ်စာရင်းထွက်လာမှ သိရတာက ဂုဏ်ထူး မထွက်ခဲ့တဲ့ဘာသာတွေကလည်း နှစ်မှတ်, သုံးမှတ်လောက်ပဲ ကပ်လိုခဲ့တာ အကုန်လုံးက အမှတ် (၇၀) ကျော်ချည်းပဲ။
[မှတ်ချက် - ၁၉၉၉ ခုနှစ်မှာ အခုခေတ်လို ခြောက်ဘာသာခေတ် မဟုတ်ပါ၊ (၅) ဘာသာ ခေတ် ဖြစ်ပါသည်။ များသောအားဖြင့် အမှတ် (၄၀၀) ကျော်ရင် ဆေးမှတ်ဝင်ကြပါသည်။]
ဒါပေမယ့်လည်း နွားထိုးကြီးကနေ မန္တလေး ရွှေမြို့တော်ကြီးဆီသွားဖို့ ကားခ (၅၀၀) တောင် အိမ်က မထုတ်ပေးနိုင်တဲ့ ဘဝမှာ ကိုယ်ဝါသနာပါတဲ့ ကွန်ပျူတာတက္ကသိုလ်, အင်ဂျင်နီယာတက္ကသိုလ်တွေကို အမှတ်မှီတာတောင် တက်ခွင့် မရခဲ့ပါဘူး။
(၁၀) တန်းမှာ အမှတ်ကောင်းရင် ဆရာဝန်, အင်ဂျင်နီယာ ကျောင်းတွေ တက်လို့ရတယ်ဆိုတာ ဘုန်းကြီးကျောင်းသားလေး မောင်ဝေဖြိုးအောင် အတွက်တော့ မဟုတ်ခဲ့ပါဘူး။
ဘယ်သူ့မှ ထောက်ပံ့မှုမရှိတဲ့အခါမှာ ကျွန်တော့်ဘဝအတွက် တက္ကသိုလ် ပညာရေးဟာ ဆုံးခန်းတိုင်ခဲ့သလို ဖြစ်ခဲ့ရပါတယ်။
ဒီလိုနဲ့ သူငယ်ချင်းတွေ ဆရာဝန် အင်ဂျင်နီယာဖြစ်လို့ ကျောင်းဆင်းသွားတာတောင် တက္ကသိုလ် ပညာရေးဆိုတာ ဘာမှန်းတောင် မသိခဲ့ပါဘူး။
(၁၀) တန်းအောင်ပြီး (၅) နှစ်လောက်ကြာမှာ ရတနာပုံတက္ကသိုလ်ကို အဝေးသင်ကနေတဆင့် E Major တတ်ခွင့်ရတယ်။ ကျောင်းတက်ဖို့ ပိုက်ဆံမရှိလို့ အဝေးသင်တက္ကသိုလ်လေး တတ်ဖို့တောင် (၅) နှစ်လောက် စောင့်လိုက်ရတဲ့ ကျောင်းသား မြန်မာနိုင်ငံမှာ ကျွန်တော်တစ်ယောက်တည်း ရှိမယ်ထင်တယ်။
ကွန်ပျူတာသင်တန်းတွေတက်, English Speaking သင်တန်းတွေတက်ဖို့ အတွက် လိုအပ်တဲ့ ကျောင်းစရိတ်တွေရဖို့ ကျွဲဆည်ကန် ကားကြီးကွင်းမှာ ဆိုက်ကားနင်းရတယ်၊ ထမင်းကြော် ရောင်းရတယ်၊ ရေသန့်ဘူး ပို့ရတယ်၊ ညဘက်မှာဆိုရင် ဘီယာဆိုင်မှာ Waiter လုပ်ရတယ်၊ ဒီလိုနဲ့ပဲ ၂၀၀၅ ခုနှစ်ရောက်မှ E Major နဲ့ ကျောင်းပြီးတော့တယ်။
အင်တာနက်တွေ ခေတ်စားလာတော့ ကိုယ် လက်လွှတ်ထားခဲ့ရတဲ့ ကွန်ပျူတာ သိပ္ပံ Computer Science ပညာရပ်ကို အမေရိကန်နိုင်ငံရဲ့ Online University တစ်ခုကနေ (၄) နှစ် တက်ရောက်အောင်မြင်ခဲ့တယ်။ ဘာသာရပ် (၂၀) သင်ခဲ့ရပြီး ဘာသာစုံ အမှတ် (၈၀) ကျော်လို့ ဘာသာစုံ ဂုဏ်ထူးရခဲ့တယ်။ အမေရိကန်နိုင်ငံရဲ့ Computer Science ဘာသာရပ် (၂၀) ကို ဘာသာစုံ ဂုဏ်ထူးနဲ့အောင်တဲ့ ပထမဆုံး မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ခဲ့တယ်။
Computer Science ပြီးတော့ MBA ဘာသာရပ် (၁၉) ခုကိုလည်း ဆက်လက် တက်ရောက် သင်ကြားခဲ့ပြီး (၂) နှစ်ကြာခဲ့တယ်။ CS ဘာသာရပ်တွေလိုပဲ ဘာသာစုံ အမှတ် (၈၀) ကျော်လို့ ဘာသာစုံ ဂုဏ်ထူးရခဲ့တယ်။ အမေရိကန်နိုင်ငံရဲ့ MBA ဘာသာရပ် (၁၉) ကို ဘာသာစုံ ဂုဏ်ထူးနဲ့အောင်တဲ့ ပထမဆုံး မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ခဲ့တယ်။
ကျွန်တော်သင်ကြားခဲ့ရတဲ့ ပညာရပ်တွေကို အများသူငှာ လွယ်လွယ်ကူကူ လေ့လာလို့ရအောင် မြန်မာလို ပြန်လည်ပို့ချခဲ့ပါတယ်။
ဒီလိုနဲ့ AIT Computer Co.,Ltd ကို စတင် တည်ထောင်ခဲ့ပြီး အခုဆိုရင် Founder ရာထူး၊ Managing Director ရာထူး၊ CEO ရာထူး နေရာကနေ မြန်မာနိုင်ငံအတွက် အကျိုးရှိတဲ့ E-Learning Product တွေ ပေါ်ထွက်လာအောင် ဦးဆောင်ကြိုးပမ်းနေပါတယ်။
2020 August လကနေစပြီး CSR Program အနေနဲ့ Free Online Class တွေလည်း သင်ကြားပို့ချထားပါတယ်။
ခုလေ့လာဖို့ မလိုအပ်သေးရင်တောင် နောင်အခါ လိုအပ်ရင် လေ့လာဖို့ ဒီ Post ကို Share လိုက်ပါဦး
ပညာပါရမီ ဖြည့်ဆည်းတဲ့အနေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့
Computer Basic – Free Online Class
----------------------------------
Project Management – Free Online Class
----------------------------------
A+ Hardware Assembly – Free Online Class
----------------------------------
Flash Lighting Composition – Free Online Class
----------------------------------
Marketing – Free Online Class
----------------------------------
Social Media Marketing – Free Online Class
----------------------------------
Finance for SME – Free Online Class
----------------------------------
Accounting for MBA – Free Online Class
----------------------------------
Facebook Digital Marketing – Free Online Class
----------------------------------
Java SE Fundamental – Free Online Class
----------------------------------
ICT Foundation – Free Online Class
----------------------------------
C# Fundamental – Free Online Class
----------------------------------
Microsoft Project 2019 – Free Online Class
----------------------------------
HTML & CSS - Free Online Class
----------------------------------
AIT Computer Co.,Ltd က ထုတ်ဝေတဲ့ မြန်မာ Trainng ပို့ချချက် DVD ခွေတွေကို ဘာသာရပ်တစ်ခုလျှင် တစ်သောင်းခွဲကျပ်ဖြင့် Excellent Software ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါပြီ။
အိမ်တိုင်ရာရောက် ပို့ဆောင်စေချင်သူများအတွက် အောက်ပါ လင့်တွေကနေတဆင့် မှာယူနိုင်ပါပြီ။
ကွန်ပျူတာ အခြေခံ လေ့လာချင်သူများအတွက်
ဗွီဒီယိုရုပ်သံ တည်းဖြတ် လေ့လာချင်သူများအတွက်
Computer Networking လေ့လာချင်သူများအတွက်
Programming Language လေ့လာချင်သူများအတွက်
Web Development ဘာသာရပ် လေ့လာချင်သူများအတွက်
စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ် လေ့လာချင်သူများအတွက်
ဝေဖြိုးအောင်
Computer Science & MBA (Saylor, USA)
CEH (EC-Council, USA)
CEO (AIT Computer Co.,Ltd)
info@aitcomputer.com
Comments
Post a Comment