မြန်မာနိုင်ငံ အဝေးသင်တက္ကသိုလ်များနှင့် e-Learning ကဏ္ဍ (အပိုင်း-၁)

 


အဝေးသင်တက္ကလိုလ်တွေ ဖျက်သိမ်းသင့် / မသင့်
======================
ဝေဖြိုးအောင် (AIT Computer)

နိုင်ငံတစ်ခု တိုးတတ်အောင်မြင်ဖို့အတွက် ပညာရေးသည် အရေးကြီးဆုံး ကဏ္ဍဖြစ်သည်ဟုဆိုလျှင် ငြင်းပယ်မည့်သူ မရှိဟု ထင်ပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် အခြေခံပညာရေး နှင့် အဆင့်မြင့် ပညာရေး နှစ်ပိုင်းရှိရာတွင် အရင်ဆုံးအနေနဲ့ အဆင့်မြင့် ပညာရေးဘက်မှာ e-Learning ကို ဘယ်လို အသုံးချရမလဲ ဆိုတာ ဆွေးနွေးတိုင်ပင်ကြပါမယ်။ အခုမှ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အတွက် အခြေခံပညာရေးမှာ IT အသုံးချ e-Learning ထည့်သွင်းဖို့ဆိုတာ အချိန်အတိုင်းအတာအားဖြင့် စောနေပါသေးတယ်။ ဒါပေမယ့် အဆင့်မြင့် ပညာရေး တက္ကသိုလ်ဘက်မှာ IT အသုံးချ e-Learning Apply ဖြစ်ဖို့က မစောတဲ့အပြင် နောက်ကျနေပြီလို့တောင် ပြောလို့ ရပါတယ်။
University & Computer
တက္ကသိုလ်ရုံးခန်းတွေမှာ ကွန်ပျူတာထားပြီး ပရင့်ထုတ်တာလောက်နဲ့တော့ IT နည်းပညာကို တက္ကသိုလ်တွေမှာ အသုံးချနေပြီလို့ မဆိုနိုင်ပါဘူး။ ဒါဟာ စာစီစာရိုက် အဆင့်သာသာပဲ ရှိပါတယ်။ အမှန်တကယ် University e-Learning ဆိုတာ
တက္ကသိုလ်ပြဌာန်းစာအားလုံး Digital Content ဖြစ်ရေးနဲ့ ဒါတွေကို မည့်သည့် Digital Device (PC or Mobile Phone) ကနေ အချိန်မရွေး နေရာမရွေး Access လုပ်နိုင်ရေး
Excm, Tutorial, Assignment, Lesson, Exercise အားလုံးကိုလည်း PC, Laptop, Tablet, Phone တို့ကနေ ဖြေဆိုခွင့်၊ ရမှတ်များကို ချက်ချင်း ပြန်လည် စစ်ဆေးနိုင်ခွင့်၊ မိမိရဲ့ ကြိုးစားမှု ရလာဒ် Grade ကို Realtime ပြန်လည် ဖော်ပြနိုင်ဖို့ စတဲ့ အချက်တွေဖြစ်နေဖို့ လိုပါတယ်။
ဒါတွေ ဖြစ်ဖို့ ဆိုရင် မြန်မာနိုင်ငံရှိ တက္ကသိုလ်တိုင်းဟာ ကိုယ်ပိုင် e-Learning Website ကို Local Server ( Intranet) အနေနဲ့ ရှိနေရပါမယ်။
University & e-Learning Website
အခုအချိန်မှာတော့ မြန်မာနိုင်ငံရှိ တက္ကသိုလ်တိုင်းဟာ ကိုယ်ပိုင် အင်တာနက် Web Site တွေ ရှိနေကြပါပြီ။ ဒါဟာ ဝမ်းသာစရာပါပဲ။ ကျောင်း ဘယ်နေ့ဖွင့်မယ်၊ အောင်စာရင်းကြည့်မယ်၊ တက္ကသိုလ်ရဲ့ သတင်းထုတ်ပြန်ချက်တွေကြည့်မယ်၊ ဒါလောက်တော့ လေ့လာလို့ရတယ်။ ဒါတွေ သိပြီးရင် အဲဒီ Website ကို ထပ်ဝင်စရာ အကြောင်း မရှိတော့ပါဘူး။ ဒါဟာ သတင်းသာသာ Website တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပညာရေးဆောင်ရွက်မှု (Educational Activities) ဖြစ်တဲ့ ကျောင်းအပ်လက်ခံခြင်း (University Enrollment), ဘာသာရပ်ဆိုင်ရာ သင်တန်း ရွေးချယ်ခြင်း (Choose Course & Module), သင်ခန်းစာပို့ချချက် စာအုပ်များ ရယူခြင်း (Download Syllabus), Module တစ်ခုပြီးတိုင်း ဖြေဆို တင်သွင်းရမည့် (Homework or Assignment), နားလည်မှုကို စစ်ဆေးတဲ့ (Quiz or Excm), Excm Result များ ကြည့်ရှုခြင်း၊ မိမိသင်ခန်းစာနဲ့ သက်ဆိုင်ပြီး ထပ်တိုး လေ့လာဆည်းပူးရမယ့် e-Library စတာတွေ လုပ်လို့မရဘူးဆိုရင် တက္ကသိုလ်တစ်ခု ရဲ့ Website လို့ အဆင့်တန်းရှိရှိ ပြောနိုင်မှာ မဟုတ်ပါဘူး။
သူငယ်တန်းတုန်းကလိုပဲ ဆရာမက Blackboard ပေါ်မှာ ရေးတာကို လိုက်ကူး၊ ပြီးရင် ဆရာမက ကောင်း၊ သင့်၊ ညံ ဆိုပြီး မင်နီ မင်ပြာတွေနဲ့ စစ်ဆေး၊ ရပြီးသားစာကို ပြန်ဆို Parrot Learning နည်းစနစ်တွေကို IT ခေတ်ရဲ့ တက္ကလိုလ်တွေမှာ မသုံးသင့်တော့ပါဘူး။ နိုင်ငံခြားက ကမ္ဘာထိပ်တန်းဖြစ်နေတဲ့ တက္ကလိုလ်တွေ စာသင်ခန်းတွေ မှာ ဘယ်လို စနစ်တွေ ကျင့်သုံးနေသလဲဆိုတာ တစ်ချက်လောက်တော့ စောင်းငဲ့ ကြည့်ရှုသင့်ပါတယ်။
ကျွန်တော်ဆိုလိုချင်တာက မြန်မာနိုင်ငံရှိ တက္ကသိုလ် စာသင်ခန်းတိုင်းမှာ IT e-Learning နည်းပညာကို ထိထိရောက် ရောက် ကိုင်တွယ် အသုံးချနိုင်ဖို့ပါပဲ။ စာသင်ခန်းတိုင်းမှာ Wifi ရှိသင့်ပြီး စာသင်တယ်ဆိုတာနဲ့ ဆရာရော တပည့်ရော မိမိရဲ့ ဖုန်း၊ Laptop တွေကို Server မှာ ချိတ်ဆက်ပြီး ဆရာ သင်ခန်းစာ တစ်ခု ရှင်းပြီးတာနဲ့ Quiz ဖြေမယ်။ Result ရလာဒ်တွေဟာ မိမိ Timeline မှာ ချက်ချင်းပေါ်နေရမယ်။ ဒီအတွက် ဆရာနဲ့ စာသင်သားအားလုံးဟာ Server မှာ Account ရှိနေရမယ်။
ဘောလုံးအသင်းရဲ့ ဘောလုံးရာသီတွေလိုပဲ တက္ကလိုလ်တွေမှာ တစ်နှစ်စာ Timeline အတွက် သင်ကြားရမည့် Course Plan တွေဟာ ကြိုတင် စီစဉ်ပြီးသား ဖြစ်နေရပါမယ်။ ခေတ်နဲ့အမှီ တစ်နှစ်နဲ့ တစ်နှစ် တိုးတက်လာတဲ့နည်းပညာကို ဖြည့်စွပ် သင်ကြားဖို့ဆိုရင် Paper Base Syllabus တွေ မဟုတ်ဘဲ e-Book (PDF) Base Server Syllabus ဖြစ်နေဖို့ လိုပါတယ်။ စက္ကူမသုံးတော့တဲ့အတွက် ဝါးပင်တွေ ပျက်စီးမှု နည်းပါပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းစောင့် ရှောက်ပြီးသားဖြစ်ပြီး Green World ကို ပုံဖော်ပြီးသား ဖြစ်နေပါမယ်။
ကျောင်းသားတိုင်းဟာလည်း အခုဆိုရင် Laptop မဝယ်နိုင်ရင်တောင် အနည်းဆုံးတော့ Mobile Phone တစ်လုံးတော့ ပိုင်ဆိုင်ကြပါတယ်။ Moderm Smart Phone တိုင်းဟာလည်း WiFi ပါရှိတာကြောင့် ကျောင်း Server ကို ချိတ်ပြီး သင်ခန်းစာ Download ဆွဲတာ၊ Assignment တင်တာလောက်တော့ မိုဘိုင်းဖုန်းကနေ လုပ်ဆောင်နိုင်ပါတယ်။ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မယ့်ဆိုလည်း မြန်မာငွေ ငါးသောင်းဝန်းကျင် လောက်သာ ရှိတဲ့ Raspberry Pi ကဲ့သို့သော တက္ကသိုလ်ကျောင်းသားတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ Pocket PC တွေကို အသုံးပြုနိုင်ပါတယ်။
ဒီစနစ်တွေဟာ မြန်မာနိုင်ငံ အခေါ် Day ဆိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် ဖြစ်ပါတယ်။ e-Learning စနစ်တွေကို Day ကျောင်းသားတွေနဲ့ ထိထိရောက် ရောက် ဆောင်ရွက်နိုင်မှ လူအများစုဖြစ်တဲ့ အဝေးသင် ကျောင်းသားကျောင်းသူတွေကိုလည်း ဒီ e-Learning စနစ်နဲ့ ပညာရေး မြင့်တင်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ တက္ကသိုလ်တွေရဲ့ အဝေးသင်ပညာရေး ရည်ရွယ်ချက်က ဘာလဲ
၁။ ၁၀ တန်းအောင်တဲ့သူတိုင်း ဘွဲ့တစ်ခုခု ရရင် ပြီးရောလား
၂။ Day ကျောင်းသား တစ်နှစ်ပတ်လုံး သင်မှ ရတဲ့ စာကို အဝေးသင်ကျောင်းသားက အနီးကပ် (၁၀) ရက်တည်းနဲ့ သင်လို့ ဖြစ်ရအောင် အဝေးသင်ကျောင်းသားကျောင်းသူတွေက Master Brain ပိုင်ရှင်တွေလား
၃။ Day ကျောင်းသားကျောင်းသူ တွေနဲ့ အဝေးသင် ကျောင်းသားကျောင်းသူတွေ ရတဲ့ဘွဲ့က တန်းတူ အခွင့် အရေး ရှိပါသလား?
အတူတူပါပဲ ဆိုရင် ဘာလို့ ဘွဲ့နှင်းသဘင်တွေကို ခွဲခြားကျင်းပပြီး ခွဲပေးရပါသလဲ။ တစ်နှစ်တာ သမိုင်းဘွဲ့ရတွေကို တပေါင်းတည်း ပေးလို့ မရဘူးလား။
ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အစိုးရဌာနတွေမှာ အလုပ်လျှောက်ရင် အဝေးသင်ဘွဲ့ရတွေ အခွင့်အရေးနည်းပါးတာ ဘာလို့လဲ။
ဒီပြဿနာတွေ ဖြေရှင်းဖို့ အတွက် အဖြေရှိပါတယ်။ အဲဒါက IT ပါ။ ပိုပြီး တိတိကျကျ ပြောရရင် e-Learning for University ဖြစ်ပါတယ်။ လုပ်ဆောင်ရမည့် အဆင့်တွေက
၁။ တက္ကသိုလ်ပိုင်း e-Learning Website (Intranet + Internet) ရှိနေရပါမယ်။
Intranet Website က Day ကျောင်းသားများကို Wifi နဲ့ သင်ကြားဖို့ပါ။ မလိုအပ်ဘဲ အင်တာနက် Data Fee မကုန်ကျရေးနဲ့ Security ဘက်ကကြည့်ရင်လည်း အင်တာနက်မချိတ်ဘဲ Intranet Local ဖြစ်တဲ့အတွက် တန်ဖိုးရှိ Data များကို Hacker တွေရဲ့ ဘေးရန်ကနေ ကာကွယ်ပြီးသား ဖြစ်နေပါမယ်။
ဒီ Website ကို ပွားပြီး နောက်ထပ် Server တစ်လုံး ထပ်ထိုင်ကာ အင်တာနက်ကနေ လွှင့်တင်ပြီး အဝေးသင်ကျောင်းသားတွေကို Day ကဲ့သို့ သင်ကြားပေးနိုင်ပါတယ်။
၂။ တက္ကသိုလ်ပြဌာန်းစာအားလုံး Digital Content ဖြစ်ဖို့ ဆိုလိုတာက e-Book, PDF, Word File အနေနဲ့ ရှိနေရပါမယ်။ ဒါတွေဟာလည်း သင်ခန်းစာ ဘာသာရပ်ပေါ်မှာ သစ္စာရှိရှိ ဖြစ်နေရမှာ ဖြစ်ပြီး Day ကျောင်းသား အတွက် တစ်မျိုး၊ တစ်နှစ်တာ ပြဌာန်းစာကို ၁၀ ရက်တည်းနဲ့ အပြီးသင်ဖို့ အဝေးသင်ကျောင်းသားကျောင်းသူတွေအတွက် တစ်မျိုး ခုတမျိုး တော်ကြာတစ်မျိုး နှစ်မျိုး မလုပ်သင့်ပါ။ သင်ခန်းစာ ဘာသာရပ်ပေါ်မှာ သစ္စာရှိရမှာ ဖြစ်ပြီး ပါသင့်ပါထိုက် သိသင့် သိထိုက် ရမည့် အကြောင်းအရာ ပါကို ပါရပါမည်။
၃။ Website မှာပင် သင်ခန်းစာ Timeline ကို ဖော်ပြထားသင့်ပါတယ်။ သို့မှသာ ကျောင်းသားက ဘာတွေတော့ လေ့လာပြီးပြီ၊ ဘာတွေ ကျန်သေးတယ် စသဖြင့် Timeline Progress Bar ကနေ တဆင့် သိရှိနိုင်ပါမည်။
နမူနာအဖြစ် ရန်ကုန်တက္ကသိုလ်ရဲ့ WBTS Online Course ကို ကြည့်ရှုနိုင်ပါသည်။ အားနည်းချက်အနေဖြင့် Website မှာ ဗွီဒီယိုသင်ခန်းစာများ မထားရှိပေးထားပါ။ e-Book, pdf, word, powerpoint တွေတော့ ရှိပါတယ်။ Self Study သမားများအနေဖြင့် Video Lesson တွေက အထိရောက်ဆုံး ဖြစ်ပါတယ်။ အဲဒီအတွက် တက္ကသိုလ်တိုင်းမှာ Media Centre တစ်ခု ရှိရပါမည်။ ကင်မရာတစ်လုံးနှင့် အသံလုံရင် လုံလောက်ပါတယ်။
အင်တာနက်ပေါ်မှာ Free Online Course များစွာလည်း ရှိပါတယ်။ NGO များစွာကလည်း Foundation များ တည်ဆောက်ပြီး ကူညီမှုများ ပေးလျက်ရှိပါတယ်။ လိုအပ်တဲ့ ဆက်စပ် နည်းပညာများကို Kham Academy, Wikipedia, wikimedia, wikibook စတာတွေနဲ့ ချိတ်ဆက် သင်ယူနိုင်ပါတယ်။
တက္ကသိုလ် ပညာရပ်တွေကို IT e-Learning နဲ့ ဆက်စပ် သင်ကြားလိုက်မယ်ဆို အချက်အလတ်များ အလွတ် ကျက်မှတ်ခြင်း (Parrot Learning) ကနေ တွေခေါ်စဉ်းစား ဆင်ခြင်သုံးသပ်နည်း (Creatical Thinking) ဘက်ကိုလည်း အလိုအလျှောက် ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ လိုအပ်တဲ့ အချက်အလတ်တွေကို အင်တာနက်ကနေ အလွယ်တကူ ရှာဖွေနိုင်လို့ ဖြစ်ပါတယ်။ e-Learning Website တွေကနေ တဆင့် ကျောင်းသားတွေရဲ့ အင်တာနက် အသုံးပြုမှု Skill တွေလည်း တိုးတတ်လာပါလိမ့်မည်။

ဒီအစဉ်အစီကို မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ လျှင်မြန်စွာ တိုးတတ်ရေးအတွက် IT ပညာရှင်များက ဘယ်လို ကူညီဆောင်ရွက်နိုင်တယ်ဆိုတာ အကြံပြု တင်ပြနိုင်ဖို့ အပတ်စဉ် ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။ ဒါကြောင့် Computer IT ပညာရှင်များ အနေဖြင့် ICT For Education အတွက် အကြံဉာဏ်များကို Comment ကနေ တဆင့် ဝေဖန် အကြံပြု ဆွေနွေးနိုင်ပါတယ်။ ပညာရှင်တို့ရဲ့ အကြံပြု comment တွေကို နောက်တစ်ပတ် Post မှာ ထည့်သွင်းဖော်ပြ သုံးသပ်သွားမှာ ဖြစ်ပါတယ်။

Leading e-Learning in Myanmar

ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com

Comments

Popular posts from this blog

ဘုန်းကြီးကျောင်းသားဘဝမှ CEO ဖြစ်လာသူ

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း 2