Posts

ဘုန်းကြီးကျောင်းသားဘဝမှ CEO ဖြစ်လာသူ

Image
  သူငယ်တန်းကနေ ဆယ်တန်းထိ ဘုန်းကြီးကျောင်းသားဘဝနဲ့ပဲ ငယ်စဉ်ကျောင်းသားဘဝ ကုန်ဆုံးခဲ့ရတယ်။ ဆင်းရဲတဲ့ ဘုန်းကြီးကျောင်းသားကို ဘယ်သူကမှ အဖတ်မလုပ်ကြလို့ မခံချင်စိတ်နဲ့ စာကြိုးစားရင် အမြဲတမ်း အတန်းထဲမှာ First, Second, Third ဝင်ခဲ့တယ်။ ၁၉၉၉ (၁၀) တန်း Result ထွက်တော့ အနည်းဆုံးတော့ (၄) ဘာသာ ဂုဏ်ထူးပါမှာပဲဆိုတာ မျှော်လင့်ထားရင် (၂) ဘာသာ ဘာသာ (သင်္ချာ + သိပ္ပံတွဲ { Chemistry, Physics, Bio } ပဲ ဂုဏ်ထူးထွက်တော့ မှတ်မှတ်ရရ အဲဒီနေ့မှာ တစ်နေကုန် ငိုခဲ့ရတယ်။ အမှတ်စာရင်း ထွက်လာမှ (၃၈၈) ရပြီး အဲဒီနှစ်က ဆေးကျောင်းကလွှဲလို့ ကျန်တာ အကုန် အမှတ်မှီခဲ့တယ်။ အမှတ်စာရင်းထွက်လာမှ သိရတာက ဂုဏ်ထူး မထွက်ခဲ့တဲ့ဘာသာတွေကလည်း နှစ်မှတ်, သုံးမှတ်လောက်ပဲ ကပ်လိုခဲ့တာ အကုန်လုံးက အမှတ် (၇၀) ကျော်ချည်းပဲ။ [မှတ်ချက် - ၁၉၉၉ ခုနှစ်မှာ အခုခေတ်လို ခြောက်ဘာသာ‌ခေတ် မဟုတ်ပါ၊ (၅) ဘာသာ ခေတ် ဖြစ်ပါသည်။ များသောအားဖြင့် အမှတ် (၄၀၀) ကျော်ရင် ဆေးမှတ်ဝင်ကြပါသည်။] ဒါပေမယ့်လည်း နွားထိုးကြီးကနေ မန္တလေး ရွှေမြို့တော်ကြီးဆီသွားဖို့ ကားခ (၅၀၀) တောင် အိမ်က မထုတ်ပေးနိုင်တဲ့ ဘဝမှာ ကိုယ်ဝါသနာပါတဲ့ ကွန်ပျူတာတက္ကသိုလ်, အင်ဂျင်နီယာတက္ကသိုလ်တွေကို အမှတ်မှီတာ

မြန်မာနိုင်ငံ အဝေးသင်တက္ကသိုလ်များနှင့် e-Learning ကဏ္ဍ (အပိုင်း-၁)

Image
  အဝေးသင်တက္ကလိုလ်တွေ ဖျက်သိမ်းသင့် / မသင့် ====================== ဝေဖြိုးအောင် (AIT Computer) နိုင်ငံတစ်ခု တိုးတတ်အောင်မြင်ဖို့အတွက် ပညာရေးသည် အရေးကြီးဆုံး ကဏ္ဍဖြစ်သည်ဟုဆိုလျှင် ငြင်းပယ်မည့်သူ မရှိဟု ထင်ပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် အခြေခံပညာရေး နှင့် အဆင့်မြင့် ပညာရေး နှစ်ပိုင်းရှိရာတွင် အရင်ဆုံးအနေနဲ့ အဆင့်မြင့် ပညာရေးဘက်မှာ e-Learning ကို ဘယ်လို အသုံးချရမလဲ ဆိုတာ ဆွေးနွေးတိုင်ပင်ကြပါမယ်။ အခုမှ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အတွက် အခြေခံပညာရေးမှာ IT အသုံးချ e-Learning ထည့်သွင်းဖို့ဆိုတာ အချိန်အတိုင်းအတာအားဖြင့် စောနေပါသေးတယ်။ ဒါပေမယ့် အဆင့်မြင့် ပညာရေး တက္ကသိုလ်ဘက်မှာ IT အသုံးချ e-Learning Apply ဖြစ်ဖို့က မစောတဲ့အပြင် နောက်ကျနေပြီလို့တောင် ပြောလို့ ရပါတယ်။ University & Computer တက္ကသိုလ်ရုံးခန်းတွေမှာ ကွန်ပျူတာထားပြီး ပရင့်ထုတ်တာလောက်နဲ့တော့ IT နည်းပညာကို တက္ကသိုလ်တွေမှာ အသုံးချနေပြီလို့ မဆိုနိုင်ပါဘူး။ ဒါဟာ စာစီစာရိုက် အဆင့်သာသာပဲ ရှိပါတယ်။ အမှန်တကယ် University e-Learning ဆိုတာ တက္ကသိုလ်ပြဌာန်းစာအားလုံး Digital Content ဖြစ်ရေးနဲ့ ဒါတွေကို မည့်သည့် Digital Device (PC or Mobile Pho

Mobile Phone လောကကို ခြိမ်းခြောက်နေတဲ့ Phone Virus များ

Image
   ဖုန်းမှာ ဝင်တဲ့ Virus မို့ Phone Virus လို့ပြောပေမယ့် အမှန်တကယ်တော့ ကွန်ပျူတာဗိုင်းရပ်(စ်) ပါပဲ။ လုပ်ဆောင်ချက်တွေ အားလုံးဟာ အတူတူပါပဲ။ အဖျက်လုပ်ငန်းတွေလုပ်ဆောင်နိုင်တဲ့ Program တွေ ဖန်တီးလို့ရတယ်ဆိုတဲ့ သဘောတရားကို သိပ္ပံပညာရှင် ဂျွန်ဗွန်နူမန်က ၁၉၄၉ ခုနှစ်ကတည်းက စတင် တွေ့ရှိခဲ့ပါတယ်။ အဲဒီကတည်းက self-replicated လို့ခေါ်တဲ့ ကိုယ့်ဖာသာကိုယ် ဖိုင်ပွားထုတ်နိုင်တဲ့ အနေအထားကို မြင်တွေ့ခဲ့ပါတယ်။ အဲဒီတုန်းက ဗိုင်းရပ်(စ်)လို့ ခေါ်ရကောင်းမှန်း မသိကြသေးပါဘူး။ ၁၉၈၄ ခုနှစ်ကြမှ ဘွဲ့ယူဖို့စာတမ်းပြုစုနေတဲ့ ဖရက်ကိုဟန်က သူ့ရဲ့ စာတမ်းမှာ Self-replicated Program တွေကို Computer Virus လို့ စတင်သုံးစွဲခဲ့ပါတယ်။ ၁၉၈၀ ဝန်းကျင်က Computer Virus တွေဟာ တစ်စက်ကနေ တစ်စက်ကို ကူးစက်ပျံ့နှံဖို့ လူကိုယ်တိုင် အားစိုက်ရပါတယ်။ အင်တာနက် နည်းပညာ ပေါ်လာတဲ့ အချိန်ကျမှ မိနစ်အနည်းငယ်အတွင်း တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံနိုင်အောင် စွမ်းဆောင်လာနိုင်ပါတယ်။ Mobile Device တွေကို တိုက်ခိုက်နိုင်တဲ့ Malicious Program တွေ နှစ်မျိုး ရှိပါတယ်။ Worm နဲ့ Trojan ဖြစ်ပါတယ်။ Worm တွေဟာ User က ခိုင်းနေစရာမလိုဘဲနဲ့တင် SMS, MMS တွေက တဆင့် ပျံ့နှ

Hacker ဆိုတာ ဘာလဲ?

Image
  Hacker ဆိုတာ Electronic ပစ္စည်းတွေ၊ ကွန်ပြုတာ စနစ်တွေ၊ Network စနစ်တွေကို အလွန်ကလိချင်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကွန်ပြုတာ စနစ် အလုပ်လုပ်ပုံကို အသေးစိတ် သိချင်နေသူတွေဖြစ်ပြီး ပိုမိုကောင်းမွန်အောင် အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေချင်နေကြပါတယ်။ Hacker အမျိုးအစား (၂) မျိုး ရှိပါတယ်။ White Hat သူတို့ကို Good Guy အဖြစ် သတ်မှတ်ကြပါတယ်။ White Hat Hacker တွေဟာ တရားဥပဒေ ချိုးဖောက်ဖို့ အတွက် သူတို့ရဲ့ ပညာရပ်ကျွမ်းကျင်မှုတွေကို အသုံးမပြုကြပါဘူး။ များသောအားဖြင့် သူတို့ဟာ ကွန်ပြူတာ လုံခြုံရေး ကျွမ်းကျင်သူတွေ ဖြစ်လာကြပြီး Black Hat တွေရဲ့ ရန်ကနေ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးပါတယ်။ Black Hat သူတို့ကိုတော့ Bad Gay အဖြစ် သတ်မှတ်ကြပါတယ်။ Black Hat Hacker တွေက သူတို့ရဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေကို ကိုယ်ကျိုးအတွက် အသုံးချပါတယ်။ Black Hat တွေဟာ ဘယ်လိုလူစားတွေလဲ ဆိုတော့ ဘဏ်တွေကို ထိုးဖောက်ဝင်ရောက်တယ်၊ Credit Card တွေကို ခိုးတယ်၊ Website တွေကို ပုံစံပြောင်း ပြုပြင်ရေးသားကြတယ်။ ဒီစကားလုံးနှစ်ခုဟာ ရှေးဟောင်းအနောက်တိုင်း ရုပ်ရှင်က ဆင်းသက်လာ ကြတာဖြစ်ပြီး လူကောင်းတွေက ဦးထုပ်ဖြူ ဆောင်းကြပြီး

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း 2

Image
   ဝေဖြိုးအောင် (AIT Computer) ယခင်အပတ်မှအဆက် Android OS က Linux OS ကို အခြေခံတည်ဆောက်ထားပါတယ်။ Linux OS က Unix OS ကို အခြေခံထားတာပါ။ ဒါကြောင့် OS family အရ ပြောမယ်ဆိုရင် Android OS ဟာ Unix အမျိုးအနွယ်ဝင် ဖြစ်ပါတယ်။ Android OS မှာ အသုံးပြုထားတဲ့ Programming Language တွေက C (core), C++, Java(UI) တို့ဖြစ်ပါတယ်။ Unix OS ကို ခမ်းသောပဆွန်နဲ့ ဒန်းနစ်ရစ်ချီတို့က ၁၉၆၉ ခုနှစ်မှာ စတင်ရေးသားခဲ့ကြပြီး ၁၉၇၀ မှာ စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Linux OS ရဲ့ အဓိက Kernel ကိုတော့ လင်းနစ်တာဗယ်က ၁၉၉၁ မှာ စတင်ရေးသားပြီး အင်တာနက်မှ တဆင့် သူ့ရဲ့ Linux OS ကို Open Source အဖြစ် မည်သူမဆို စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်တဲ့ OS အဖြစ် Free ဖြန့်ချီခဲ့ပါတယ်။ Linux OS ရဲ့ Kernel Version 2.6 နဲ့ 3.x ကို အခြေခံထားတဲ့ Android OS ကိုတော့ ၂၀၀၅ မှာ စတင်ရေးသားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဖြန့်ချီခဲ့ပါတယ်။ User Interface Android ရဲ့ User Interface ဟာ မျက်နှာပြင်ကို တိုက်ရိုက်ထိတွေ့နိုင်တဲ့ Touch Screen နည်းပညာကို အသုံးပြုထားပါတယ်။ ဖိဆွဲခြင်း (swiping), ဆက်ခနဲ တောက်ခြင်း (tapping), မြင်ကွင်းအကျဉ်း အကျယ်လုပ်ရန် လက်နှစ်ချောင်းဖြင့် အတွင်း

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း

Image
  Android OS ဆိုတာ Smart Phone, Tablet စသည် Touchscreen Mobile Device အတွက် ရည်ရွယ် ဒီဇိုင်းဆွဲထားတဲ့ Linux အခြေပြု Operating System တစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာကို Android Inc က စတင် Developed လုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ Google က ဝယ်ယူခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ Mobile Device တွေအတွက် စံချိန်စံညွှန်းတွေကို သတ်မှတ်နိုင်ဖို့ Open Handset Alliance အဖွဲ့ကို ထူထောင်ရင်းနဲ့ Android OS ကို Google က စတင်မိတ်ဆက်ခဲ့တယ်။ Android OS ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး Android Phone ကို ၂၀၀၈ ခုနှစ် အောက်တိုဘာမှာ စတင်ရောင်းချခဲ့တယ်။ Google ဟာ Android OS ကို Open Source အနေနဲ့ Apache License အောက်ကနေ Code တွေကို ဖြန့်ဝေပေးခဲ့တယ်။ ဒီ Android Souce Code တွေကို Hardware Device ထုတ်လုပ်သူတွေ၊ နည်းပညာစိတ်ဝင်စားသူ မည်သူမဆို လွတ်လပ်စွာ ဖြန့်ဝေခွင့်၊ စိတ်ကြိုက် ပြန်လည်ပြင်ဆင်ခွင့်တွေ ပေးခဲ့တယ်။ Android Platform မှာ run နိုင်တဲ့ Application တွေကို Software Developer တွေက သူတို့စိတ်ကြိုက် JAVA programming language version နဲ့ ရေးသားကြတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်းထိမှာတောင် Android Application စုစုပေါင်း (၇) သောင်းကျော် ရှိခဲ့တယ်။ An

Computer Virus အကြောင်း သိကောင်းစရာများ

Image
   Virus ဆိုတာလက်ရှိ အိုင်တီလောကကို ချိန်းခြောက်နေတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး Black Hacker တွေရဲ့ လက်ပါးစေ Program ဖြစ်ပါတယ်။ မကြာခင်စတင်တော့မယ့် Cyber War ရဲ့ ရှေ့တန်းစစ်မြေပြင် စစ်သားတွေဟာ Computer Virus တွေဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး။ အီရန် နျူးကလီးယာ အစီအစဉ်တွေကို Stunex Virus ထည့်သွင်းပြီး စောင့်ကြည့်ခဲ့တဲ့ အစ္စရေးလုပ်ရပ်ဟာ Computer Virus ကို အသုံးချပြီး သူလျှိုလုပ်ခဲ့တာပါပဲ။ အပျော်တမ်းအဆင့်ကနေ စတင်ခဲ့တဲ့ Computer Virus ဟာ ခုချိန်မှာဆိုရင် နိုင်ငံရေး၊ စီးပွားရေးထိ အသုံးချလို့ ရနေတဲ့ Professional Virus ဖြစ်နေပါပြီ။ ဗိုင်းရပ်အကြောင်း သင်ရိုးညွှန်တမ်းတွေဆွဲပြီး စနစ်တကျ လေ့လာဆည်းပူးရတဲ့ ဘာသာရပ်အဖြစ် သုတေသနလုပ်နေရတဲ့ အဆင့်ကို ရောက်နေပါပြီ။ Computer စတင်‌ပေါ်‌ပေါက်လာပြီး မကြာခင်မှာပဲ Computer Network ဆိုတာလည်း ဖြစ်‌ပေါ်လာပါတယ်။ Network နဲ့ Virus ဘယ်ဟာက ‌စောသလဲဆိုရင်‌တော့ Virus က Network ထက် ပို‌စောပါတယ်။ Computer Standalone ‌ခေတ်မှာကတည်းက Virus ဟာ Floppy Disk ‌တွေက တစ်ဆင့် ပြန့်နှံ့လာပါတယ်။ Network လည်း‌ပေါ်လာ‌ရော data ‌တွေနဲ့အတူ Virus File ‌တွေလည်း Cable ကြိုးက‌နေ ချိတ်