Facebook စွဲနေကြပြီလား?

 


 Facebook ကို သင်စွဲလမ်းနေတာ သင့် အပြစ် မဟုတ်ဘူး။ သင်စွဲလမ်းနေတဲ့ Facebook ကနေ ပညာနဲ့ ပိုက်ဆံ မရှာနိုင်ရင်တော့ သင့်အပြစ် ဖြစ်သွားပြီ။
ပြောချင်တာက ဒီလိုပါ။ လူတိုင်း Facebook သုံးနေကြပြီ။ Facebook ဟာ လူသားတွေရဲ့ ဒုတိယ ဘဝ (second life) or Digital Life ဖြစ်နေပါပြီ။ Facebook ဟာ ဘဝ ဆိုရင် ရေရှည် ရှင်သန် ရပ်တည်နိုင်အောင် ပြုစု ပျိုးထောင် ရတော့မှာပေါ့။ လူတစ်ယောက်ရဲ့ ဘဝ ရှင်သန် ရပ်တည်ဖို့ ပညာ, ငွေကြေး, ချစ်ခြင်းမေတ္တာ၊ ကိုယ်ကျင့်တရား စတာတွေ အဓိက လိုအပ်နေသလိုပဲ ဒါတွေကို Facebook ကနေလည်း ရှာဖွေလို့ ရပါတယ်။ Facebook ကို အကျိုးရှိရှိသုံးဖို့အတွက် တစ်နေ့ကို Facebook သုံးချိန် ဘယ်နှစ်နာရီ ရှိသလဲ စစ်မယ်။ ဥပမာ နှစ်နာရီ ရှိတယ်ဆိုရင် တစ်နာရီကို မိမိနဲ့ သက်ဆိုင်တဲ့ ပညာရပ်အတွက် လေ့လာချိန်ထားမယ်။ Update New တွေ ဖတ်မယ်။ မိမိရဲ့ Skillset ကို ဖြည့်တင်းမယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း Group ထဲကို Real ရော digital life ရော ဝင်ထားမယ်။ ဥပမာ နည်းပညာ စိတ်ဝင်စားတဲ့သူ ဆိုရင် MCPA Member ဝင်ထားမယ်။ Facebook Group ရော Facebook Page ရော Like လုပ်ထားပြီး အချိန်နှင့် တပြေညီ ဖြစ်လာတဲ့ Event, Exam, Training, Seminar, IT show သတင်းတွေ ဖတ်မယ်။ သွားတတ်မယ်။ လူတိုင်း မိမိ Professional လမ်းကြောင်း အဖွဲ့အစည်းနဲ့ ဆက်သွယ်ထားသင့်တယ်။
လူတိုင်း စားဝတ်နေရေးအတွက် အလုပ်တစ်ခုခုတော့ လုပ်နေရတာပါပဲ။ ဥပမာ ဝက်သားဒုတ်ထိုး ရောင်းတဲ့သူက သူဆိုင်လေးကို ဓာတ်ပုံပြန်ရိုက်ပြီး လာစားကြပါဦးဗျာ လို့ Post တစ်ခု တင်လိုက်ရင်ကိုပဲ ခါတိုင်းထက် လာစားကြမယ့်သူတွေ များလာမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ facebook ဟာ Local Place ကို ဦးစားပေးလို့ပါပဲ။ ဥပမာ ကျွန်တော်က နွားထိုးကြီးသားဆိုတော့ နွားထိုးကြီး မြို့ နေ Facebook သုံးတဲ့သူတွေကို You May Know နဲ့ Friend List မှာ လာပြပြနေမယ်။ သိတော့ add လိုက်တယ်။ Friend Request လက်ခံလိုက်တယ်။ ကျွန်တော့် Friend List ၅ ပုံ ၁ ပုံဟာ ချစ်စရာ အလွန်ကောင်းတဲ့ နွားထိုးကြီး ရွေမြို့တော်သူ မြို့တော်သားတွေပါပဲ။ ဆိုလိုချင်တာက Facebook ဟာ အပျော်သက်သက်တင်မကဘဲနဲ့ သင့်ရဲ့ ကြေငြာခ မပေးရတဲ့ Business Advertisement တစ်ခုဆိုတာ မမေ့ပါနဲ့။ Facebook ကို နည်းနည်းတိုးပြီး လေ့လာလိုက်။ ကိုယ်ပိုင် Facebook Page ထောင်နိုင်အောင် ကြိုးစား။ ဒီထက် Order တွေ များလာရင် Web အကြောင့်းလေ့လာပြီး e-Commerce Website ထောင်လိုက်။ ဝက်သားဒုတ်ထိုးသည်ကို web developer လုပ်ခိုင်းနေတာ မဟုတ်ဘူးနော်။ ဒါ နမူနာပြောတာ။ ဝက်သားဒုတ်ထိုးနေရာမှာ အိမ်လုပ်ငန်း၊ ကိုယ့်လုပ်ငန်း ထည့်ကြည့်ပါ။ facebook ဟာ သင့်လုပ်ငန်းကို ခါတိုင်းထက် ရောင်းအား တတ်သွားမှာပါ။ သင် facebook သုံးနေတာလည်း စီးပွားရေး Marketting ဖြစ်သွားပါပြီ။
Facebook ကနေ ပညာရဖို့ မိမိအသက်မွေးဝမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ Facebook Page, Facebook Group နဲ့ နာမည်ကြီး Facebook Account တွေကို Like, Follow လုပ်ထားရပါမည်။ ဥပမာ နည်းပညာ စိတ်ဝင်စားတဲ့သူဆိုရင် နည်းပညာကို မြန်မာလို ဗွီဒီယိုဖိုင်တွေနဲ့ တင်ပေးနေတဲ့ ဆရာ ကိုဝေဖြိုးအောင်ရဲ့ AIT Computer, ဆရာ Waifar Kolor ရဲ့ Brighter Myanmar, ဆရာ စိုင်းလင်းသူရဲ့ RHC Technology စတဲ့ Facebook Page တွေကို Like လုပ်ထားပြီး လေ့လာသင်ကြားနိုင်ပါတယ်။ တခြား Page တွေလည်း များစွာ ရှိပါသေးတယ်။
ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ကျင့်တရားကို Facebook ကနေ ရှာဖွေဖို့က ကျယ်ပြန့်တဲ့ အကြောင်းအရာဖြစ်တဲ့အတွက် ခု Post မှာ မဆွေနွေးသေးပါဘူး။
Facebook သုံးတာ သင့်အတွက် ဘေးမဖြစ်ဘဲ ဆေးဖြစ်ပါစေလို့ မျှော်လင့်လျှက်
ကိုဝေဖြိုးအောင် (AIT Computer)
www.aitonlinetraining.com

Comments

Popular posts from this blog

ဘုန်းကြီးကျောင်းသားဘဝမှ CEO ဖြစ်လာသူ

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း 2

မြန်မာနိုင်ငံ အဝေးသင်တက္ကသိုလ်များနှင့် e-Learning ကဏ္ဍ (အပိုင်း-၁)