Posts

ဗွီဒီယိုကင်မရာတစ်လုံးမှာ ပါဝင်တဲ့ အဓိက အစိတ်အပိုင်းများ

Image
  ဗွီဒီယို ကင်မရာတိုင်းမှာ အဓိကအစိတ်အပိုင်း (၃)ခု ပါဝင်ပါတယ်။အဲဒါတွေက Lens, Imager နဲ့ Recorder တို့ ဖြစ်ပါတယ်။ Lens Lens ကနေ Imager ပေါ်မှာသက်ရောက်ပေးမယ့် အလင်းတွေကို စုစည်းပေးပါတယ်။Imager ဆိုတာက ပုံမှန်အားဖြင့် CCD (Charge Coupled Device ) ဒါမှမဟုတ် CMOS sensor (Complementary Mental Oxide Semiconductor ) ဖြစ်နေတတ်ပါတယ်။ နောက်ဆုံးမှာတော့ Recorder ကနေ သိုလှောင် သိမ်းဆည်းလို့ ရအောင် Video Singnal တွေကို Form တစ်ခုပုံစံ ရအောင် Encode လုပ်ပါတယ်။ ပုံမှန်အားဖြင့် Optic lens နဲ့ Imager တွေကို Camera Section အနေနဲ့ အသိများပါတယ်။ Optic Lens တွေဟာ Camera Section ရဲ့အလင်းလာရာလမ်းကြောင်းမှာ ဆိုရင် ပထမ ဆုံးတွေ့ရမည့် အစိတ်အပိုင်းတွေဖြစ်ပါတယ်။ သာမာန်အားဖြင့် Optics Lens မှာ အောက်ပါ Adjustment တွေထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုလေ့ရှိပါတယ်။ 1.Aperture -ကင်မရာအတွင်း ဝင်လာမည့် အလင်းပမာဏကို ထိန်းချုပ်ပါတယ်။ ဆိုလိုတာက မှန်ဘီလူးမှာပါတဲ့ Iris Diaphragm ကနေ အကျဉ်းအကျယ် လုပ်ပြီး ထိန်းချုပ် ပေးပါတယ်။ 2.Zoom-မြင်ကွင်းရဲ့ အကျယ်အဝန်းကို ထိန်းချုပ်ပေးပါတယ်။ 3.Shutter speed -အဆက်မပြတ် လှုပ်ရှားမှုများကို Captu...

Video Editing Software များအကြောင်း

Image
  ဗွီဒီယိုရုပ်သံတည်းဖြတ်ပညာဟာ ကွန်ပျူတာပညာရပ် Level တွေမှာ တတိယအဆင့်ရှိပါသည်။ ပထမအဆင့်က စာစီစာရိုက်လုပ်ငန်း (DTP)၊ ဒုတိယအဆင့်က ဂရပ်ဖစ်ဒီဇိုင်း (Graphic Design) ဖြစ်ပါတယ်။ DTP လုပ်ငန်းမှာ အသုံးပြုတဲ့ Software တွေက PageMaker(InDesign), Microsoft Word တို့ဖြစ်ပြီး Grahic Design မှာ Photoshop, Corel Draw, Illustrator တို့ဖြစ်ပါတယ်။ စာစီစာရိုက်အမျို:အစား Software တွေနဲ့ Graphic Design Software တွေမှာ ရွေးချယ်မှု များများစားစား မရှိတာကို တွေ့ရမှာပါ။ Video Editing Software တွေမှာတော့ အိမ်သုံး အပျော်တမ်း Software, စီးပွားဖြစ် Professional Software ဆိုပြီး ကုမ္ပဏီပေါင်းများစွာက ထုတ်လုပ်ဖြန့်ချိထားတဲ့ Application အများအပြားရှိပါတယ်။ Arcsoft ShowBiZ DVD စာရေးသူအနေနဲ့ ဗွီဒီယိုတည်းဖြတ် Software တွေကို စတင်လေ့လာမိတော့ ShowBiZ ကို ပထမဆုံးတွေ့မိပါတယ်။ ရိုးရှင်းလွယ်ကူလှတဲ့ သူ့ရဲ့ User Interface တွေက စာရေးသူကို Editing အကြောင်းအမြန်ဆုံး သဘောပေါက်စေပါတယ်။ တည်းဖြတ်ချင်တဲ့ Video File, ဓာတ်ပုံဖိုင်, သီချင်းဖိုင် တွေကို အရင်ဆုံး ထည့်သွင်းရတယ်။ အဲဒါကို Import လို့ခေါ်တယ်။ အဲဒီလို Import လုပ်ပြီးရင် သူတို့...

ရုပ်သံဗွီဒီယိုတည်းဖြတ်အတွက် ကွန်ပျူတာ ဝယ်ယူနည်းလမ်းညွှန်

Image
  ကွန်ပြူတာတစ်စုံဝယ်ယူရာတွင် စာစီစာရိုက်လုပ်ရန်၊ ဓာတ်ပုံတည်း ဖြတ်ရန်၊ ဗွီဒီယိုရုပ်သံတည်းဖြတ်ရန်၊ ဂိမ်းကစားရန် စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ရှိပါတယ်။ သင်သည် ဗွီဒီယိုရုပ်သံတည်းဖြတ်ဖို့ ကွန်ပြူတာတစ်စုံဝယ်ယူလိုပါက ‌အောက်ပါ ကွန်ပြူတာပစ္စည်းများဖြစ်ဖို့ လိုပါသည်။ အဘယ်‌ကြောင့်ဆို‌သော ‌နောက်ပိုင်းလာ‌သော ရုပ်သံတည်းဖြတ်‌ဆော့ဝဲများသည် Hardware ပစ္စည်းအမြင့်များကို‌ တောင်းဆို‌ သော ‌ကြောင့်ပါ။ System Specification CPU: Intel Core i7 Graphics Card: GTX 1050 Motherboard: ASUS X99 Pro/USB3.1 RAM: 8 GB DDR4 Storage 1: Crucial MX300 275GB SSD Storage 2: Seagate 2 TB hard drive Power Supply: EVGA 500 B CPU Cooler (optional): DeepCool Gammaxx 400 Case: Corsair Carbide 270R or Corsair Carbide 100R Operating System: Windows 10 64 Bit Motherboard ကွန်ပြူတာတစ်စုံဝယ်ယူလျှင် ပထမဆုံးစဉ်းစားရမှာက Motherboard ဖြစ်ပါသည်။ Motherboard တွင်လည်း Chipset ကိုပထမဆုံးစဉ်းစားရပါမည်။ အခုချိန်တွင် Intel H65 ကို အနိမ့်ဆုံးထားပြီး ‌ငွေ‌ကြေးတတ်နိုင်ပါက Intel H68, Intel Z77 စသဖြင့် မိမိပိုက်ဆံအိတ်ကိုကြည့်၍ Board အမြင့်များက...

ဗွီဒီယို ရုပ်သံတည်းဖြတ်ခြင်းဆိုင်ရာ ကြိုတင်သိထားရမည့် အချက်များ

Image
   ယခင်အပတ်က ဗွီဒီယို ရုပ်သံတည်းဖြတ်ဖို့ Computer ဝယ်ယူနည်းကို ပြောခဲ့ပါပြီ။ ခု အပတ်မှာ Editing အတွက် သိထားရမည့် Theroy များကို ရှင်းပြပါမည်။ Editing စလုပ်တော့မည်ဆိုရင် သူ့ရဲ့ တစ်ဆင့်ချင်းစီ လုပ်ရတဲ့ Step by Step Workflow ကို အရင်ဆုံးသိထားရပါမည်။ Analog AV Tape တွေကို CD/DVD ခွေ အဖြစ် ပြောင်းတာကို အဓိက ထားလုပ်မည်ဆိုလျှင် AV Capture Card ကို ကွန်ပျူတာမှာ အရင်တပ်ဆင်ပြီး အောက်စက်တွေကနေ Capture ဖမ်းယူပါမည်။ mini-DV Tape တွေနဲ့ ရိုက်တဲ့ အလှူ၊ မင်္ဂလာဆောင်၊ သာရေး၊ နာရေး မှတ်တမ်း Documentary ခွေများကို တည်းဖြတ်ဖို့ဆိုလျှင် DV Capture Card နဲ့ DV Tape ကို Playback လုပ်နိုင်မယ့် Handycam တစ်လုံးလောက်တော့ လိုအပ်ပါသည်။ တည်းဖြတ်ဆိုင် သုံးဖို့ဆိုလျှင် PAL ရော NTSC ရော နှစ်မျိုးလုံးရတဲ့ ဖတ်နိုင်တဲ့ Handycam ဖြစ်မှ ပိုအဆင်ပြေပါမည်။ Customer တွေဆီက လာနိုင်တဲ့ ခွေတွေက နှစ်မျိုးလုံး ဖြစ်နိုင်တယ်လေ။ AV Tape Player နဲ့ Computer Capture Card ကို Composite ကြိုးတွေနဲ့ ဆက်သွယ်ချိတ်ဆက် ရပါမည်။ ရုပ်တစ်ကြိုး၊ အသံက ဘယ်ညာနှစ်ကြိုး အဲ တစ်ချို့ Player ကျတော့ Stereo မရဘဲ Mono ပဲ ရတတ်ပါတယ်။ သူ့ကျတော့ အသံတစ်က...

Digital HD Video Camera Recorder တစ်လုံးကို အသေးစိတ် လေ့လာခြင်း (၁)

Image
  အရင်ဆုံး ဒီစကားစုမှာ ပါဝင်တဲ့ စကားလုံးတစ်ခုချင်းစီကို အသေးစိတ် လေ့လာကြည့်ရအောင်။ Digital HD Video Camera Recorder အားလုံး စကားလုံး (၅) လုံးရှိတယ်။ Digital ဆိုတာ Digital ဆိုတာက Analog မဟုတ်ဘူးလို့ ပြောချင်တာပ။ သူတို့ နှစ်ခုစလုံးရဲ့ ဂုဏ်သတ္တိဟာ မိုးနဲ့ မြေလို ကွာခြားပါတယ်။ Analog က သူ့ရဲ့ အချက်အလတ်တွေကို Continuous ဆက်တိုက်သိမ်းဆည်းပြီး Digital ကတော့ Content (မာတိကာ) တွေ သတ်မှတ်ပြီး နေရာတကျ သိမ်းဆည်းပါတယ်။ ယခင် ကတ်ဆက်ခွေထဲက ကိုယ်ရောက်ချင်တဲ့ နေရာကို ခလုတ်နဲ့ ရစ်ပြီး ကျော်တဲ့အခါ မလိုအပ်တဲ့ နေရာတွေကိုပါ ဖြတ်သန်းသွားရပါတယ်။ ကိုယ်လိုချင်ရာကို ချက်ချင်းမရောက်ပါဘူး။ ဒါဟာ Analog စနစ်ရဲ့ အဓိက အားနည်းချက်ပါပဲ။ Digital စနစ်နဲ့သိမ်းဆည်းထားတဲ့ Audio CD, Karaoke VCD, MP3 Disc တွေမှာ ကိုယ်ရောက်ချင်တဲ့နံပါတ်ကို နှိပ်လိုက်တာနဲ့ တန်းရောက်ပါတယ်။ ဘာနဲ့ တူသလဲဆိုတော့ စာအုပ်တစ်အုပ်ရဲ့ ရှေ့ဆုံးမှာပါဝင်တဲ့ မာတိကာထဲက ကိုယ်သိချင်တဲ့အကြောင်းအရာရှိတဲ့ စာမျက်နှာနံပါတ်အတိုင်း စာအုပ်မှာ ရှာလိုက်ရင် တန်းရောက်သွားသလိုပါပဲ။ Format မှားချမိလိုက်တဲ့ Memory Card, Hard Disk ထဲက Data တွေ ဘာလို့ ပြန်ရှာရင်တွေ့သလဲဆိုတာလည်...

E-Learning တွေ အသုံးချနိုင်ဖို့ဆိုတာ

Image
  ဒီကနေ့ ထူးထူးခြားခြား ကိုးရီးယားသံရုံးကနေ မြန်မာနိုင်ငံရဲ့ e-Learning အခြေအနေကို ဖုန်းနဲ့ အင်တာဗျူးတာ ဖြေရတယ်။ မြန်မာနိုင်ငံမှာ e-Learning ရဲ့ စိန်ခေါ်မှုတွေကို ကိုယ်ပိုင် အတွေ့အကြုံနဲ့ ယှဉ်ပြီး ဖြေလိုက်ပါတယ်။ 2005 ခုနှစ်ကနေ စလို့ ကျွန်တော် e-Learning လုပ်ခဲ့တဲ့ ၁၂ တာကာလအထိ ကြုံဆုံခဲ့ရတဲ့ စိန်ခေါ်မှုတွေက ဘာလဲဆိုတော့ ၁။ အလွတ်ကျက် အမှတ်ယူ ပညာရေးစနစ်ကနေ မွေးဖွားပေးလိုက်တာကတော့ မြန်မာကျောင်းသားတွေဟာ ရှေ့ကနေ စာချပေးမည့် ဆရာ (ဝါ) ဂိုတ် မရှိတော့ရင် စာမကျက်တက်တော့တာပဲ။ ကိုယ်ပိုင် Critical Thinking တွေ နည်းပါးလာသလို ၏ သည် မလွှဲ ပုံနှိပ်ထဲကနဲ့ တူမှ အမှတ်ပေးတဲ့ စည်းမျဉ်း စည်းကမ်းကြောင့် ကိုယ်ပိုင် ဖန်တီးနိုင်စွမ်း Creativity နည်းပါးလာတာကြောင့် Self-Study ဆိုတာ ဘာလဲဆိုတာကို မသိတဲ့ ကျောင်းသားတွေ အများကြီး ရှိနေပါတယ်။ ၂။ ဒါကြောင့် အင်တာနက်ကနေ လေ့လာစရာ သင်ယူစရာတွေ အများကြီး ရှိပါလျက်ကယ်နဲ့ Facebook, Viber လောက်သာ သုံးတက်ပြီး ပညာသင် ဆိုတာနဲ့ ဆရာနဲ့ အနီးကပ် သင်ရမှ ပညာတက်မယ်ထင်တဲ့သူတွေ မြန်မာပြည်မှာ အများကြီး ရှိနေပါတယ်။ ၃။ မြန်မာ့လူအဖွဲ့အစည်းမှာ Digital ဆိုတာ Entartainment လောက်သာ သိပြီး ကျန်တဲ့ ...

Facebook အသုံးပြုသူတိုင်း မသိမဖြစ် သိရမည့် Community Standard

Image
Facebook ကို တစ်ကမ္ဘာလုံးက လူတွေ အသုံးပြုတာဖြစ်တဲ့အပြင် လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ၊ နိုင်ငံပေါင်းစုံ အသုံးပြုကြတာကြောင့် တစ်ဉီးနဲ့ တစ်ဉီး ပဋိပက္ခ မဖြစ်ရအောင် အားလုံးလိုက်နာရမည့် Community Standard တွေကို တင်းကျပ်စွာ ချမှတ် လုပ်ဆောင် နေပါတယ်။ What’s on your mind ဆိုပြီး မိမိစိတ်ထဲ ရှိတိုင်း ရေးသား ဖော်ပြရမည်ဟု မဆိုလိုပါ။ ဒီ Community Standard ကို ဖတ်ပြီးရင် ဘယ်လို အကြောင်းအရာဆို ဖော်ပြလို့ရတယ်၊ ဘယ်လို အကြောင်းအရာဆို ပယ်ဖျက်ရမည် ဆိုတာ သိရှိနားလည် လာပါမည်။ Facebook Community Standard မှာ အောက်ပါအတိုင်း နယ်ပယ်ကြီး (၄) ခု သက်မှတ် Frame ချပြီး နယ်ပယ်တစ်ခုစီမှာ ပါဝင်လိုက်နာရမည့် စည်းကမ်းချက်များကို ခွဲခြား သက်မှတ်ထားပါတယ်။ 1) Helping to keep you safe – Facebook အသုံးပြုသူတိုင်းကို လုံခြုံစေဖို့ 2) Encouraging respectful behavior - အပြန်အလှန် လေးစားတန်ဖိုးထားမှုကို အားပေးမြှင့်တင်ဖို့ 3) Keeping your account and personal information secure - အကောင့် အဟတ်မခံရအောင် ကာကွယ်ဖို့၊ ကိုယ်ရေးကိုယ်တာ အချက်အလတ်တွေကို လုံခြုံစေဖို့ 4) Protecting your intellectual property - ဖန်တီးထားတဲ့ ဉာဏ မူပိုင်ခ...