E-Learning တွေ အသုံးချနိုင်ဖို့ဆိုတာ

 


ဒီကနေ့ ထူးထူးခြားခြား ကိုးရီးယားသံရုံးကနေ မြန်မာနိုင်ငံရဲ့ e-Learning အခြေအနေကို ဖုန်းနဲ့ အင်တာဗျူးတာ ဖြေရတယ်။ မြန်မာနိုင်ငံမှာ e-Learning ရဲ့ စိန်ခေါ်မှုတွေကို ကိုယ်ပိုင် အတွေ့အကြုံနဲ့ ယှဉ်ပြီး ဖြေလိုက်ပါတယ်။
2005 ခုနှစ်ကနေ စလို့ ကျွန်တော် e-Learning လုပ်ခဲ့တဲ့ ၁၂ တာကာလအထိ ကြုံဆုံခဲ့ရတဲ့ စိန်ခေါ်မှုတွေက ဘာလဲဆိုတော့
၁။ အလွတ်ကျက် အမှတ်ယူ ပညာရေးစနစ်ကနေ မွေးဖွားပေးလိုက်တာကတော့ မြန်မာကျောင်းသားတွေဟာ ရှေ့ကနေ စာချပေးမည့် ဆရာ (ဝါ) ဂိုတ် မရှိတော့ရင် စာမကျက်တက်တော့တာပဲ။ ကိုယ်ပိုင် Critical Thinking တွေ နည်းပါးလာသလို ၏ သည် မလွှဲ ပုံနှိပ်ထဲကနဲ့ တူမှ အမှတ်ပေးတဲ့ စည်းမျဉ်း စည်းကမ်းကြောင့် ကိုယ်ပိုင် ဖန်တီးနိုင်စွမ်း Creativity နည်းပါးလာတာကြောင့် Self-Study ဆိုတာ ဘာလဲဆိုတာကို မသိတဲ့ ကျောင်းသားတွေ အများကြီး ရှိနေပါတယ်။
၂။ ဒါကြောင့် အင်တာနက်ကနေ လေ့လာစရာ သင်ယူစရာတွေ အများကြီး ရှိပါလျက်ကယ်နဲ့ Facebook, Viber လောက်သာ သုံးတက်ပြီး ပညာသင် ဆိုတာနဲ့ ဆရာနဲ့ အနီးကပ် သင်ရမှ ပညာတက်မယ်ထင်တဲ့သူတွေ မြန်မာပြည်မှာ အများကြီး ရှိနေပါတယ်။
၃။ မြန်မာ့လူအဖွဲ့အစည်းမှာ Digital ဆိုတာ Entartainment လောက်သာ သိပြီး ကျန်တဲ့ Sector တွေမှာ အသုံးချမှု မရှိသလောက် နည်းပါးပါတယ်။
၄။ အွန်လိုင်းသင်တန်းကြေးတွေမှာ ဈေးများရင် ဂျင်းထည့်တယ် ပြောကြပြီး လူတိုင်း တက်နိုင်အောင် သင့်တင့်တဲ့ ဈေးကို ချလိုက်ပြန်ရင်လည်း မယုံသလိုလို၊ ကိုယ်က ဘာမှ လုပ်မကြည့်ရသေးဘူး တတ်မှ တက်ပါ မလားဆိုတဲ့ စိုးရိမ်စိတ် ကြီးထွားနေတဲ့ အစွန်း (၂) ဘက်ကြားမှာ မြန်မာ အွန်လိုင်း သင်တန်းတွေ ရပ်တည်နေရပါတယ်။
၅။ မြန်မာ Content တွေကို မြန်မာတွေက တန်ဖိုး မထားကြဘူး။ အလွယ်တကူ ဝေငှ ကြတာကြောင့် ပညာရှင်တော်တော်များများက အွန်လိုင်းကနေ စာသင်ဖို့ မရွေးချယ်ကြတော့ဘူး။ Online Ethic နဲ့ Copy Right တွေ မထွန်းကားတာကြောင့် မြန်မာနည်းပညာစာပေနဲ့ မြန်မာ Video Training တွေ နည်းပါးလာနေတယ်။ ကျွန်တော်တစ်ယောက်တည်း ဒိုင်ခံလုပ်နေလို့သာ မြန်မာလို ရှိသင့် ရှိထိုက်တဲ့ နည်းပညာစာပေနဲ့ မြန်မာ Video Training တွေ ရှိနေတာဖြစ်တယ်။ လက်တွေ့မှာ တွင်တွင်ကျယ်ကျယ် သုံးနေကြပေမယ့် မြန်မာလို Content တွေ ဖြစ်လာဖို့တော့ စိန်ခေါ်မှုတွေ ဖြစ်နေတယ်။
၆။ မြန်မာစာတန်းထိုး ဇာတ်ကား 1 GB ကို Download ဆွဲဖို့ ငွေကုန်ခံနိုင်ပေမယ့် မိမိဘဝကို တန်ဖိုးမြှင့်ပေးမယ့် 100 MB လောက်သာရှိတဲ့ Myanmar Training Video File ကို download ဆွဲဖို့တော့ နှမြောနေတဲ့ သူတွေက များနေတယ်။
၇။ e-Learning ရဲ့ အားသာချက်တွေကို မသိကြဘူး။ သွားလာ စရိတ် မရှိတော့တာ၊ အချိန်ကုန် သက်သာတာ၊ ဆရာနဲ့ သင်ရင် တစ်နာရီကြာတဲ့ သင်ကြားမှု တစ်ခုဟာ e-Learning Video File မှာ (၁၀) မိနစ်နဲ့ နားလည်တာ၊ တစ်ခါ ကြည့်လို့ နားမလည်ရင်လည်း ထပ်ခါ ထပ်ခါ ကြည့်နိုင်တာ၊ ဆရာနဲ့ မျက်နှာချင်းဆိုင်မှာ အားနားလို့ စာမမေးရဲပေမယ့် အွန်လိုင်းမှာကျတော့ Error Screen Shot ပေါင်းများစွာနဲ့ စာမေးနိုင်တာ စတဲ့ စတဲ့ e-Learning ရဲ့ အားသာချက်တွေ အများကြီး ရှိနေတာကို မသိကြသေးတာ။
၈။ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ ထဲမှာ မြန်မာတွေ ကြားညှပ်နေကြပါတယ်။ ဘာလို့ မြန်မာက နှစ်ဘာသာ ဖြစ်နေရတာလည်းဆိုတော့ ဇော်ဂျီက တစ်ဘာသာ၊ မြန်မာယူနီကုဒ်က တစ်ဘာသာ ဖြစ်နေလို့ပါ။ ဒါကြောင့် ဘာသာစကားကို အခြေခံပြီး ဖော်ပြရမည့် e-Government, e-Commerce, e-Business, e-Learning တွေ အကုန်လုံး တိုင်ပတ်ကုန်ပါတော့တယ်။ Display မှာတောင် ဒီလောက် ပြဿနာတက်နေတာ Processing လုပ်ဖို့ဆိုတာကတော့ ခုခေတ်ကလေးတွေ ပြောနေကျ စကားအတိုင်း ဆုတောင်းလေ … ဆုတောင်း
၈။ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူ သန်း (၂၀) လောက် ရှိနေပေမယ့် Webiste တစ်ခုကို Register မလုပ်တတ်သူ၊ Gmail မသုံးတက်သူ၊ Website ကနေ Confirm ပြန်လာတာကို Gmail မှာ ဝင်မလုပ်တတ်တဲ့သူ၊ Web Search မလုပ်တက်သူ၊ Mobile Banking + ATM မသုံးတက်သူ၊ Password ပေးရင် အခြေခံလိုက်နာရမည့် စည်းကမ်း (၅) ချက်ဖြစ်တဲ့ စကားလုံးအကြီး၊ စကားလုံး အသေး၊ ဂဏန်းအက္ခရာ၊ Unknown Character, အနည်းဆုံး (၈) လုံး ပေးရမည် ဆိုတာတွေကို မသိတဲ့သူတွေက (၁၅) သန်းလောက် ရှိနေခြင်း
အခု ဖော်ပြပါ အကျိုးဆက်တွေရဲ့ ရလာဒ်ကတော့ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူ သန်း (၂၀) မှာ ကျွန်တော့်ရဲ့ အွန်လိုင်းမှာ သင်ယူနေတဲ့ ကျောင်သား/သူ အရေအတွက်ကတော့ တစ်ထောင်စွန်းစွန်းပဲ ရှိနေကြောင်းပါလို့ . . . . .
ဒါပေမယ့် ကျွန်တော့် ယုံကြည်ချက်အတိုင်း မြန်မာနည်းပညာ စာအုပ်တွေ၊ Myanmar Leanring Video Training တွေ၊ Myanmar Online Course တွေကိုတော့ တစ်ခုပြီး တစ်ခု ဆက်လက် ရေးသား ထုတ်ဝေ နေမှာပါ။ မြန်မာနိုင်ငံသားတိုင်း e-Learning ကနေ ပညာသင်ယူကြမည့် နေ့ကို စောင့် နေ ရင် ပေါ့ ဗျာ။
ဝေဖြိုးအောင် (AIT Computer)

Comments

Popular posts from this blog

ဘုန်းကြီးကျောင်းသားဘဝမှ CEO ဖြစ်လာသူ

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း 2

မြန်မာနိုင်ငံ အဝေးသင်တက္ကသိုလ်များနှင့် e-Learning ကဏ္ဍ (အပိုင်း-၁)