Facebook အသုံးပြုသူတိုင်း မသိမဖြစ် သိရမည့် Community Standard
Facebook ကို တစ်ကမ္ဘာလုံးက လူတွေ အသုံးပြုတာဖြစ်တဲ့အပြင် လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ၊ နိုင်ငံပေါင်းစုံ အသုံးပြုကြတာကြောင့် တစ်ဉီးနဲ့ တစ်ဉီး ပဋိပက္ခ မဖြစ်ရအောင် အားလုံးလိုက်နာရမည့် Community Standard တွေကို တင်းကျပ်စွာ ချမှတ် လုပ်ဆောင် နေပါတယ်။ What’s on your mind ဆိုပြီး မိမိစိတ်ထဲ ရှိတိုင်း ရေးသား ဖော်ပြရမည်ဟု မဆိုလိုပါ။ ဒီ Community Standard ကို ဖတ်ပြီးရင် ဘယ်လို အကြောင်းအရာဆို ဖော်ပြလို့ရတယ်၊ ဘယ်လို အကြောင်းအရာဆို ပယ်ဖျက်ရမည် ဆိုတာ သိရှိနားလည် လာပါမည်။
Facebook Community Standard မှာ အောက်ပါအတိုင်း နယ်ပယ်ကြီး (၄) ခု သက်မှတ် Frame ချပြီး နယ်ပယ်တစ်ခုစီမှာ ပါဝင်လိုက်နာရမည့် စည်းကမ်းချက်များကို ခွဲခြား သက်မှတ်ထားပါတယ်။
1) Helping to keep you safe – Facebook အသုံးပြုသူတိုင်းကို လုံခြုံစေဖို့
2) Encouraging respectful behavior - အပြန်အလှန် လေးစားတန်ဖိုးထားမှုကို အားပေးမြှင့်တင်ဖို့
3) Keeping your account and personal information secure - အကောင့် အဟတ်မခံရအောင် ကာကွယ်ဖို့၊ ကိုယ်ရေးကိုယ်တာ အချက်အလတ်တွေကို လုံခြုံစေဖို့
4) Protecting your intellectual property - ဖန်တီးထားတဲ့ ဉာဏ မူပိုင်ခွင့်တွေကို အသိအမှတ်ပြု ကာကွယ်ပေးဖို့
Helping to keep you safe
ပထမဆုံး အနေနဲ့ Facebook အသုံးပြုသူတိုင်းကို လုံခြုံမှု ရှိစေဖို့ အဓိကထား ဆောင်ရွက်ပါ တယ်။ အများပြည်သူကို အနှောက်အယှက်ပေးလာတဲ့ ပို့တွေ ပြန်ဖျက်ပြစ်တာ၊ အဲဒီ အကောင့်ကို Disable လုပ်တာ၊ အကောင့် လော့ချတာ စသဖြင့် အရေးယူ ဆောင်ရွက်ပါ တယ်။
Facebook အသုံးပြုသူတိုင်းကို လုံခြုံစေဖို့ အောက်ပါ အချက် (၈) ချက်ကို အရေးယူ ဆောင်ရွက်ပါတယ်။
1) Direct Threats
2) Self-Injury
3) Dangerous Organizations
4) Bullying and Harassment
5) Attacks on Public Figures
6) Criminal Activity
7) Sexual Violence and Exploitation
😎 Regulated Goods
1) Direct Threats
Facebook ကို အသုံးပြုပြီး လူတစ်ဉီး တစ်ယောက်ကို နစ်နာစေအောင် ခြိမ်းခြောက် ငွေညှစ်တာ၊ အကျပ်ကိုင်တာ၊ ပြန်ပေးဆွဲတာ၊ အသက်အန္တရာယ် ပြုတာ စတဲ့ ပြုလုပ်မှုတွေကို တားမြစ်ပါတယ်။ ဒါမျိုးကို Cyberbully အွန်လိုင်းကနေ အနိုင်ကျင့် ခြိမ်းခြောက်ခြင်း လို့ ခေါ်ပါတယ်။ ခံရတဲ့သူမှာ စိတ်ဒဏ်ရာ ရနိုင်ပြီး နောက်ဆုံး ကိုယ်ကိုကိုယ် သက်သေသွားနိုင်တဲ့ အထိ ဖြစ်နိုင်တာကြောင့် Cyberbully မလုပ်မိအောင် ရှောင်ကြပါ။ အဲဒီလို လုပ်ဆောင်နေတဲ့ အကောင့်တွေကိုလည်း Facebook သိအောင် Report ထုပေးကြပါ။ သက်ဆိုင်ရာနဲ့ ပူးပေါင်း ရှာဖွေပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ် ပေးမှာပါ။
2) Self-Injury
မိမိကိုယ် မိမိ ထိခိုက်စေမှုနဲ့ suicide (သေကြောင်းကြံစည်မှု) စတဲ့ စကားလုံးတွေ အသုံးပြုပြီး Like များများရအောင် Promotion လုပ်တဲ့ပုံစံကို Facebook က ခွင့်မပြု ထားပါဘူး။ အအိပ်ပျက်၊ အစားပျက်၊ မူးယစ်ဆေးဝါးသုံးစွဲမှု ၊ ခန္ဓာကိုယ် နာကျင်စေမှု စတဲ့ ကြော်ငြာများ၊ ပို့(စ်)များကို ခွင့်မပြုပါ။
3) Dangerous Organizations
လူအသိုင်းအဝိုင်းကို ခြိမ်းခြောက် ဖျက်စီးမည့် မည်သည့် အဖွဲ့အစည်းကို မဆို တားမြစ် ပိတ်ပင်မည် ဖြစ်ပါသည်။ အကြမ်းဖက်မှုများ၊ အသေခံ ဗုံးခွဲမှုများ စတဲ့ စည်းရုံးလှုံဆော်မှု အကြောင်းအရာတွေကို Facebook က ပယ်ဖျက်ပါမည်။
4) Bullying and Harassment
အွန်လိုင်းပေါ်ကနေ အနိုင်ကျင့်ခြင်း၊ အရှက်ခွဲခြင်း၊ နှောက်ယှက် ဒုက္ခပေးခြင်း များကို Facebook က လုံးဝ ခွင့်မပြုပါ။ တစ်စုံတစ်ယောက် နစ်နာစေဖို့ ဓာတ်ပုံများ၊ ဗွီဒီယိုများတင်ခြင်း အသရေဖျက်ခြင်းများကို တားမြစ်ထားပါတယ်။ တိုင်ကြားခြင်း Report ထုခြင်းများကို ကိုင်တွယ် ဖြေရှင်း အရေးယူပါမည်။
5) Attacks on Public Figures
မိမိနာမည်ကြီးဖို့အတွက် နာမည်ကြီးပြီးသား Cele or Public Figure များကို ပြစ်တင် ပြောဆိုခြင်း၊ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ခြင်း၊ နာမည်ဖျက်ခြင်း များကို တားမြစ်ပါတယ်။ ဤနည်းဖြင့် လူအများ၏ အာရုံစိုက်ခြင်းခံရအောင် ပြုမှုခြင်းကို ခွင့်မပြုပါဘူး။
6) Criminal Activity
ရာဇဝတ်မှုကျူးလွန်သော လုပ်ဆောင်မှု လှုပ်ရှားမှုများကို ပြုလုပ်ဖို့ Facebook Social Media ကနေ စည်းရုံခြင်း၊ လူစုခြင်း၊ မဲဆွယ်ခြင်း များ မပြုလုပ်ရပါ။
7) Sexual Violence and Exploitation
ရမ္မက်စိတ်ကို နှိုးဆွစေတဲ့ လိင်ပိုင်ဆိုင်ရာ အသားပေး အဖော်အချွတ် ဓာတ်ပုံများကို တင်ဖို့ ခွင့်မပြုပါ။ ပြည်တန်ဆာလုပ်ငန်း ကြော်ငြာများ၊ ကာယကံရှင် မသိဘဲ ကာယကံရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံတင်ခြင်း၊ ပို့တင်ခြင်းများကို Report မိပါက အမြန်ဆုံး ဖယ်ရှားပါမည်။
😎 Regulated Goods
ဥပဒေအရ ထိန်းချုပ် ကုန်စည်များကို Facebook ပေါ်မှာ Online Shopping လုပ်ပြီး ရောင်းဝယ်ဖောက်ကားခြင်းကို ခွင့်မပြုပါ။ မူးယစ်ဆေးဝါးများ၊ လက်နက် ခဲယမ်းများ၊ အခွန်မဆောင်ဘဲ မှောင်ခိုတင်သွင်းလာတဲ့ ပစ္စည်းများ စသည်တို့ကို လက်လီ လက်ကား ဖြန့်ချိဖို့ တားမြစ်ထားပါတယ်။
Encouraging respectful behavior
အယူဝါဒ မတူသူတွေ၊ လူတန်းစားမျိုးစုံ၊ ဘာသာပေါင်းစုံ၊ နိုင်ငံပေါင်းစုံကနေ Facebook ကို အသုံးပြုနေကြတာကြောင့် အနည်းနဲ့ အများတော့ ပဋိပက္ခတွေ ရှိလာနိုင်ပါတယ်။ ဒီကိစ္စကို ကြိုမြင်လို့လည်း Facebook မှာ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ အကြောင်းအရာတူတာတွေ စုပြီး ဆွေနွေးတင်ပြနိုင်ကြဖို့ Facebook Group Feature ကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုကို ထိခိုက်နစ်နာစေသော အရေးအသား ပို့(စ်)များ၊ ဓာတ်ပုံများကို Facebook Server ကနေ ပယ်ဖျက်ပါမည်။ မိမိ အယူအဆတွေကို ပို့(စ်) တင်တဲ့အခါ ပြဿနာ များကို ရှောင်ရှားနိုင်အောင် Privacy Setting တွေဖြစ်တဲ့ Friend, Friend of Friend, Only Me တွေထဲက ရွေးထားပါ။
9) Adult Nudity & Sexual Activity
အရွယ်မရောက်သေးသူ ကလေးသူငယ်များရဲ့ အခွင့်အရေးကို ချိုးဖောက်တဲ့ အရေးအသား ဓာတ်ပုံ ပို့(စ်)များ၊ လိင်ပိုင်းဆိုင်ရာ အသားပေး ဓာတ်ပုံများကို တားမြစ်ထားပါတယ်။ သို့ပေမယ့် ကျန်းမားရေး ဗဟုသုတပေးချင်တာ ပညာပေး အသိပညာ ဖြန့်ဝေချင်တာ လူသားချင်း စာနာထောက်ထာမှု လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေအတွက်တော့ ခွင့်ပြုထားပါတယ်။
10) Hate Speech
လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာ တစ်ခုနဲ့ တစ်ခု၊ ပဋိပက္ခဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး အမုန်းစကားများ မပြောရပါ။ တစ်ဖက်နဲ့ တစ်ဖက် မဟုတ်မမှန် ပုတ်ခက် စွပ်စွဲမှုများ၊ အာဃာတ ရန်ငြိုးထားမှုများကို လှုံ့ဆော်စေသော အရေးအသား တင်ပြချက်များကို Facebook မှ ပြင်းထန်စွာ တားမြစ်ထားပါသည်။
11) Violence and Graphic Content
Facebook ကနေ သင့်ကို သင့်ရဲ့ အယူအဆ အတွေးအခေါ် ထင်မြင်ချက်တွေကို အများသူငှာ သိအောင် ဖြန့်ဝေဖို့ တွန်းအားပေးပေမယ် Like များများရအောင် Digital Photo တည်းဖြတ် ပြုပြင်ပြီး မဟုတ်မမှန် ရေးသားတင်ဆက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖတ်မှုကို အားပေး လုပ်ဆောင်ခြင်းများ၊ ထိခိုက်ကြွေကွဲဖွယ် ရာ ဓာတ်ပုံ မှတ်တမ်းများ၊ 18 နှစ် မကျော်သေးသူ ကလေးသူငယ်များအတွက် မကြည့်သင့်တဲ့ ဓာတ်ပုံ ဗွီဒီယို မှတ်တမ်းများ တင်ပြ ရေးသားခြင်းကို တားမြစ်ပါသည်။ သွေးထွက်သံယို ဓာတ်ပုံ ဗွီဒီယိုများဖြစ်ပါက ကြိုတင်သတိပေးစာများဖြင့် ကြည့်ရှုမည့်သူကို ရွေးချယ်ခွင့် ပေးပါ။
Keeping your account and personal information secure
Facebook ကနေ သင့်ရဲ့ လုံခြုံရေးကို အဓိက စောင့်ရှောက်ပေးပါတယ်။ သင် မဖော်ပြချင်တဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလတ်တွေကို Only Me နဲ့သာ တင်ခဲ့ရင် လုံခြုံမှု ရှိပါမယ်။ Facebook Security Setting မှာလည်း Privacy Checkup တွေ ထည့်သွင်းပေးထား ပါတယ်။ သင်ကိုယ်တိုင် လေ့လာပြီး သင့်ရဲ့ Personal Information တွေကို လုံခြုံမှုရှိအောင် သင်ကိုယ်တိုင်ပင် အလွယ်တကူ ဆောင်ရွက်နိုင်ပါတယ်။
သားသားမီးမီးတွေပါတဲ့ မိသားစု ဓာတ်ပုံတွေ၊ ကလေးတွေကိုပဲ သီးသန့် ရိုက်တဲ့ ဓာတ်ပုံတွေကို Facebook ကို တင်မယ်ဆိုရင် Privacy နေရာမှာ Friend ပဲ ထားပြီး တင်ပါ။ Public တင်လိုက်လို့ မသမာသူများက ယူငင် အသုံးပြုနိုင်ပြီး တခြားနေရာတွေမှာ ရည်ရွယ်ချက်ရှိရှိ ပြုပြင် ပြင်ဆင် အသုံးချလိုက်ရင် သင့်အတွက် နစ်နာ နိုင်စရာတွေ ရှိလာနိုင်ပါတယ်။
နိုင်ငံတော်အတွက် အရေးကြီးလာရင် အစိုးရလိုချင်တဲ့ အချက်အလတ်တွေ ရှာဖွေ ပံ့ပိုးပေးဖို့ Facebook မှာ Global Government Requests Report အစီအစဉ်လည်း ရှိနေတာမို့ Hate Speech တွေ ပြောရင်း သတိထားပါ။ နောက်ယောင်ခံ Trace အလိုက်ခံရရင် တန်းပေါ်မှာပါ။ Facebook သုံးနေတယ်ဆိုတာ ထောင်နှာခံ လမ်းလျောက်နေတယ်ဆိုတာ မြန်မာနိုင်ငံရဲ့ ၆၆(ဃ) ဥပဒေက သက်သေပါပဲ။
12) Using Your Authentic Identity
Facebook အသုံးပြုသူတိုင်းကို သူတို့ရဲ့ လက်တွေ့ဘဝက နာမည်တွေနဲ့သာလျှင် Profile Account ဖြင့် သုံးနိုင်ရန် စီစဉ်ထားပါတယ်။ သင် ချစ်ခင်နှစ်သက်တဲ့ အိမ်မွေးတိရစ္ဆာန်တွေ၊ အဖွဲ့အစည်း၊ အကြိုတ်ဆုံး ရုပ်ရှင်၊ ဂိမ်းဇာတ်ဆောင်၊ တခြား ရည်ရွယ်ချက်တွေအတွက် ဆိုရင် Facebook Profile အစား Facebook Page ကိုပဲ အသုံးပြုဖို့ တိုက်တွန်းပါတယ်။ Profile ဆိုတာ အမှန်တကယ် သက်ရှိထင်ရှား လူသားတွေကိုပဲ ကိုယ်စားပြုထားလို့ပါ။ Page ကနေ Fun တွေရအောင်၊ လူများများသိဖို့ Promote လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။
13) Fraud and Spam
သင်ရှယ်လိုက်တဲ့ သတင်းအချက်အလတ်တွေဟာ လုံခြုံရေး ကျိုးပေါက်မှု ဖြစ်စေသလား ဆိုတာကို Facebook က စောင့်ကြည့်နေပါတယ်။ မတရားအကျိုးခံစားခွင့်ရအောင် လိမ်လည်ဟန်ဆောင်ထားတဲ့ သတင်းတွေအတွက်လည်း ဥပဒေအကြောင်းအရပါ တရားစွဲနိုင်အောင် စီစဉ်ထားပါတယ်။ သတင်းမှားတွေ မမှန်ကန်တဲ့ သတင်းတွေနဲ့ ဟန်ဆောင်ပြီး Like, Follower, Share များများရအောင် ကြိုးပမ်းဆောင်ရွက်မှုကို လုံးဝ ခွင့်ပြုမှာ မဟုတ်ပါ။ Report အထု ခံရလို့ မှန်ကန်ပါက အကောင့်ပိတ်သိမ်းသည်အထိ အရေးယူပါမည်။ ကာယကံရှင်၏ သဘောတူညီ လိုက်လျောမှု မရှိဘဲ စီးပွားရေးအရ အရောင်းအဝယ် ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် စီပွားရေးကြော်ငြာ Message တွေ ခဏ ခဏ ပို့နေခြင်း၊ Chain Letter တွေ Forward လုပ်ခြင်း၊ Malicious Virus Code တွေ Backdoor တွေ Spyware တွေ မသိအောင် ပေးပို့ထည့်သွင်းထားပြီး အချက်အလက်များ ခိုးယူခြင်းများကို မပြုလုပ်ရပါ။
14) Accounts of Friends or Family Who Have Passed Away
သေဆုံးသွားသူ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အကောင့်တွေကို သက်ဆိုင်ရာ မိသားစုဝင် တွေက ပယ်ဖျက်ပေးဖို့ တောင်းဆိုမှု ပြုလုပ်လာပါက Facebook ကနေ အဲဒီ အကောင့်ကို ချက်ချင်း ပယ်ဖျက်ပေးပါတယ်။ ဒီလို လုပ်ပေးဖို့အတွက် အမှန်တကယ် သေဆုံးကြောင်း သေချာဖို့ လုံလောက်တဲ့ သက်သေပြချက်တွေတော့ အထူးလိုအပ်ပါတယ်။ ကိုယ်စောက်မြင်ကပ်နေတဲ့ အကောင် Facebook သုံးမရအောင် သေဆုံးပြီးဆိုပြီးတော့ ပြီးသလွယ် အကြောင်းကြားလို့တော့ မရပါဘူး။ အကယ်၍များ မပြောကောင်း မဆိုကောင်း ဖွဟဲ့ လွယ်စေ … ဖယ်စေ … သင်တစ်ခုခု ဖြစ်သွားခဲ့ရင် အားမနား လျှာမကျိုး သင်သေဆုံးသွားခဲ့ရင် သင့်အကောင့်ကို memorialize account အဖြစ် ဆက်လက်ကိုင်တွယ်ပြီး သတိတရ ပြန်ပြောင်းတွေးတောအမှတ်ရစေတဲ့ ဖြစ်ရပ်လေးတွေ ဖော်ပြဖို့ သင်အချစ်ဆုံးသူ ဘယ်သူ ဆိုတာကို မသေခင် Facebook ကို ပြောပြပေးခဲ့ပါ။
Let us know if you want a loved one to manage your account after you are gone.
Protecting your intellectual property
သင့်ဘဝအတွက် အရေးပါတဲ့ အကြောင်းအရာ မှန်သမျှ သင့်ရဲ့ ကိုယ်ပိုင် Profile Wall, Timeline မှာ share ထား သိမ်းထား တင်ထားနိုင်ပါတယ်။ သင်ကိုယ်တိုင် ဖန်တီး ရေးသားထားတဲ့ ပို့(စ်)တွေကို Privacy Setting (Only Me, Friend, Friend of Friend, Public) နှစ်သက်ရာ ပုံစံနဲ့ တင်နိုင်ပါတယ်။ ဒါဟာ သင့်ရဲ့ ကိုယ်ပိုင် အခွင့်အရေး၊ သင့်ရဲ့ ပိုင်ဆိုင်မှု ၊ သင့်ရဲ့ လုပ်ပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူများဟာကို တင်မယ် Share မယ် ဆိုရင်တော့ တင်ခွင့် ရှယ်ခွင့် ရှိမရှိကိုတော့ သိထားရပါမည်။ Facebook ကနေ သင်ဟာ မူပိုင်ခွင့် Copyright ကို လေးစားသူ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို လေးစား တန်ဖိုးထား သူ၊ တရားဥပဒေ နည်းစနစ်အရ တရားဝင် ရရှိထားတဲ့ သူများရဲ့ ရပိုင်ခွင့် လုပ်ပိုင်ခွင့်ကို တန်ဖိုးထား လေးစား အသိအမှတ်ပြုတဲ့ ကျင့်ဝတ် Ethic နဲ့ ပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ပြီး Facebook Community ကို အနှောက်အယှက် မပေး၊ ကူညီစောင့်ရှောက်တတ်တဲ့ လူတစ်ယောက်အဖြစ် ကျွန်တော်တို့ Facebook ကနေ မျော်လင့်ပါတယ်။
မူရင်း Source ဖြစ်တဲ့ https://web.facebook.com/communitystandards ကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။
ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com
www.aitonlinestore.com
Comments
Post a Comment