ရုပ်သံဗွီဒီယိုတည်းဖြတ်အတွက် ကွန်ပျူတာ ဝယ်ယူနည်းလမ်းညွှန်
ကွန်ပြူတာတစ်စုံဝယ်ယူရာတွင် စာစီစာရိုက်လုပ်ရန်၊ ဓာတ်ပုံတည်း ဖြတ်ရန်၊ ဗွီဒီယိုရုပ်သံတည်းဖြတ်ရန်၊ ဂိမ်းကစားရန် စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ရှိပါတယ်။ သင်သည် ဗွီဒီယိုရုပ်သံတည်းဖြတ်ဖို့ ကွန်ပြူတာတစ်စုံဝယ်ယူလိုပါက အောက်ပါ ကွန်ပြူတာပစ္စည်းများဖြစ်ဖို့ လိုပါသည်။ အဘယ်ကြောင့်ဆိုသော နောက်ပိုင်းလာသော ရုပ်သံတည်းဖြတ်ဆော့ဝဲများသည် Hardware ပစ္စည်းအမြင့်များကို တောင်းဆို သော ကြောင့်ပါ။
System Specification
CPU: Intel Core i7
Graphics Card: GTX 1050
Motherboard: ASUS X99 Pro/USB3.1
RAM: 8 GB DDR4
Storage 1: Crucial MX300 275GB SSD
Storage 2: Seagate 2 TB hard drive
Power Supply: EVGA 500 B
CPU Cooler (optional): DeepCool Gammaxx 400
Case: Corsair Carbide 270R or Corsair Carbide 100R
Operating System: Windows 10 64 Bit
Motherboard
ကွန်ပြူတာတစ်စုံဝယ်ယူလျှင် ပထမဆုံးစဉ်းစားရမှာက Motherboard ဖြစ်ပါသည်။ Motherboard တွင်လည်း Chipset ကိုပထမဆုံးစဉ်းစားရပါမည်။ အခုချိန်တွင် Intel H65 ကို အနိမ့်ဆုံးထားပြီး ငွေကြေးတတ်နိုင်ပါက Intel H68, Intel Z77 စသဖြင့် မိမိပိုက်ဆံအိတ်ကိုကြည့်၍ Board အမြင့်များကို ဝယ်ယူနိုင်ပါ သည်။ ပြောချင်တာကတော့ Edit လုပ်မည်ဆိုလျှင် အနည်းဆုံးတော့ Core i3 တော့ ဖြစ်သင့်ပါသည်။ ပြီးမှ Brand ကို စဉ်းစားရပါမည်။ MSI, ASUS, Gigabyte, Foxcon, Intel စသဖြင့် မိမိနှစ်သက်အားသန်ရာ ကုမ္ပဏီပစ္စည်းကို ဝယ်ယူနိုင်ပါသည်။ ဤနေရာ တွင် ဈေးနှုန်းကိုမစဉ်းစာဘဲ Warranty များသောပစ္စည်းကို ဦးစားပေးသင့်ပါသည်။
CPU
ဒုတိယအရေးတကြီးစဉ်းစားရမှာက ကွန်ပြူတာ၏ဦးဏှောဏ်လို့ခေါ်တဲ့ CPU(Processor) ပါ။ ကွန်ပြူတာတစ်လုံးရဲ့ မြန်နှုန်းနဲ့မော်ဒယ်ကို သူနဲ့တိုင်းတာ ဆုံးဖြတ်တာပါ။ အခုချိန်မှာ အနိမ့်ဆုံး Core i3 ကိုစဉ်းစားသင့်ပါသည်။ Speed ကိုတော့ မပြောတော့ပါ။ တတ်နိုင်လျှင် Core i7 ကိုစဉ်းစားသင့်ပါသည်။ Editing လုပ်ဖို့ဆိုလျှင်တော့ Celeron ကို မစဉ်းစားသင့်ပါ။
Hard Disk တို့၊ Memory တို့ကတော့နောင်ငွေကြေးတတ်နိုင်က ထပ်တိုးမြင့်နိုင်သောလည်း Board နှင့် Processor ကတော့ ထပ်မမြင့်နိုင်ပါ။ နှစ်ခုစလုံး အသစ်လဲလှယ်ဝယ်ယူမှသာ ဖြစ်နိုင်ပေသည်။ ဒါကြောင့် မြင့်နိုင်သမျှ မြင့်ထားပါက ပိုကောင်းပါသည်။ မိမိကွန်ပြူတာ ဝယ်စဉ်က Board ကိုချိုထားခဲ့သဖြင့် Upgrade လုပ်တဲ့အခါ Board ရော Memory ပါလဲလိုက်ရပါသည်။ အရင်ဝယ်တာက 775 အမျိုးအစား Intel 865 , DDR 1 ဖြစ်နေလို့ပါ။ အခုချိန်မှာ 1155 နည်းပညာသုံး DDR3 Board ဖြစ်သင့်ပါသည်။ 1156 ကိုတော့ စမ်းသပ်ဆဲနည်းပညာဖြစ်တာကြောင့် မဝယ်သင့်ပါ။
Memory
Memory ကိုတော့ ပမာဏအနေဖြင့် 2 GB ဖြစ်သင့်ပါသည်။ တတ်နိုင်လျှင် 4 GB, 8 GB ဖြစ်သင့်ပါသည်။ Speed ကိုတော့ 1066 MHz ကို အနည်းဆုံးထားပါ။ Video File များ Render လုပ်ရာတွင် Memory များလေ မြန်ဆန်လေဖြစ်ပါသည်။ ရုပ်ထွက်ကြည်လင် ပြတ်သားမှုကတော့ Graphic Processor GPU နှင့် ပိုဆိုင်ပါသည်။
Graphic Card
Graphic နှင့်ပတ်သက်၍ ပြောစရာအနည်းငယ်ရှိပါသည်။ ကျွန်တော်ခုနက ပြောတဲ့ Core i3 Board များတွင် Graphic Memory on Board 1 GB ပါရှိပါသည်။ သာမာန်လုပ်ငန်းသုံး၊ အိမ်သုံးလောက်ကတော့ Built-in Graphic နဲ့ပင် လုံလောက်ပါသည်။ Graphic On Board များတွင် GPU ကတော့ Intel ပါပဲ။ ဒါကြောင့် အကောင်းကြီးတော့မဟုတ်ပါ။ Intel Company သည် System Main Processor ထုတ်လုပ်မှုတွင် နာမည်ကြီးအရောင်းတွင်ကျယ်သလောက် GPU မှာတော့ Nvidia, Ati တို့လောက် Professional မဆန်ပါ။ မိမိလုပ်ငန်းကို Professional ပီပီသသလုပ်ချင်ရင်တော့ Nvidia, Ati Graphic Processor အသုံးပြုပြီး DDR5 Memory 2 GB ပါသော (ခါတိုင်းလို Main Memory မှ Share ယူထားခြင်းမဟုတ်) PCI Express Card တပ်ဆင်သင့်ပါသည်။ Pinnacle Plug In Effect များနှင့် Premiere Plug In Effect များသည် ၎င်းတို့ကို Render လုပ်ဖို့ Graphic Memory 512 ထိတောင်းဆိုတတ်ပါသည်။
Hard Disk
ဟိုအရင်တုန်းကတော့ Hard Disk လောကတွင် 80 GB သည် ဆရာကြီးအဆင့်မှာ ရှိခဲ့ပါသည်။ အခုချိန်တွင်တော့ ဒါဟာသမိုင်းထဲမှာပဲ ကျန်ခဲ့ပါပြီ။ နည်းပညာများ တနေ့တခြားထွန်းကားလာမှုတို့ကြောင့် 160 GB, 250 GB, 320 GB, 500 GB, 1000 GB (1 TB) စသဖြင့် မယုံနိုင်လောက်အောင် Data ပမာဏများပြားစွာ သိမ်းဆည်းထားနိုင်သော Hard Disk များ ဈေးကွက်ထဲတွင် ဝင်လာပါသည်။ ခုချိန်မှာ 3.5 TB ပင် ဝယ်ယူရရှိနိုင်ပါပြီ။ Hard Disk တွင် အဓိကအားဖြင့် IDE နှင့် SATA ဟု (၂) မျိုး ရှိပါသည်။ IDE ၏ Data Transfer Rate က 150 Gbps ရှိပါသည်။ SATA က 300 Gbps ရှိပါသည်။ SATA တွင် ကောင်းမွန်သော အခြားအချက်များရှိပါသည်။ Casing ပုံးအတွင်းတွင် IDE လို ကြိုးများရှုပ်ထွေးခြင်းမရှိသဖြင့် Air Flow ကောင်းမွန်ခြင်း၊ Master, Slave Jumper မချိုးရခြင်း၊ Data Transfer Rate ၂ ဆ ပိုမြန်ခြင်းစသည့် အကျိုးများ ရှိပါသည်။ ဈေးကွက်ထဲတွင်တော့ IDE က သူကပဲပိုကောင်းသလိုလိုခပ်တည်တည်နဲ့ SATA ထက်ဈေးပိုနေတတ်ပါသည်။ (GBပမာဏချင်တူခဲ့ရင်တောင်မှ)။ ကျွန်တော်တို့ မြန်မာလူမျိုး ကတော့ ထုံးစံအတိုင်း ဈေးကြီးတာက ပိုကောင်းတယ်လို့ အရိုးစွဲနေလို့ပါ။ နည်းပညာပိုင်း တွင်တော့ IDE သည် SATA ကို မမှီနိုင်ပေ။ နောက်ထက် SATA 2 နည်းပညာ ရှိပါသေးသည်။ Hard Disk Size ပမာဏများပြားလာခြင်းသည် ကျွန်တော်တို့ Video Editing သမားများအတွက် ဝမ်းမြောက်ဖွယ်သတင်းပင်။ Mini DV Tape တစ်ခွေသည် ပျှမ်းမျှ 15 GB ထိနေရာယူတတ်ပါသည်။ ဒါကြောင့် သီချင်းများ၊ ဓာတ်ပုံများ၊ Croma စားရာတွင် နောက်ခံအသုံးပြုသော Background Movie များကို တစ်ခြား External Hard Disk များဖြင့် သိမ်းဆည်းရပါသည်။
DVD Writer
CD Drive, DVD Drive အနေဖြင့် ပြောစရာသိပ်မရှိပါ။ ငွေကြေး တတ်နိုင်လျှင်တော့ CD Writer, DVD Writer (၂) မျိုးစလုံး တပ်ဆင်သင့်ပါသည်။ ဒါမှ VCD ထုတ်ချင်လျှင် CD Writer နဲ့ ရိုက်ပြီး DVD ထုတ်ချင်လျှင် DVD Writer နဲ့ ရိုက်နိုင်ပါသည်။ ဤနည်းဖြင့် Writer များ၏သက်တမ်းကို ကြာရှည်ထိန်းနိုင်ပါသည်။ သို့မဟုတ်ပါက DVD Writer နဲ့ပင် CD, DVD တွဲသုံးပါက Drive တွင် Error တတ်တက်ပါသည်။ ခေတ်ကာလ အခြေအနေအရ HD Video တွေကို တောင်းဆိုလာရင်တော့ Blu-ray Writer တွေ တပ်ဆင်ရပါမည်။
Monitor
Monitor အနေဖြင့် (၂)မျိုး ရှိပါသည်။ CRT နဲ့ LCD ပါ။ CRT Monitor ခေတ်ကတော့ ကုန်ဆုံးသလောက်ဖြစ်နေပါသည်။ သူက နေရာစားတယ်။ သူ့ရဲ့အရောင်ဟာ အသုံးပြုသူ User ရဲ့ မျက်လုံးကို အန္တရာယ်ဖြစ်စေတယ်။ Glass Filter ပါလျှင်တော့ တော်သေးတယ်။ Graphic သမားတွေအကြိုက် Resolution အမြင့်ကြီးတွေ တင်လို့မရပါ။ LCD မှာတော့ အရောင်ကို Liquid နဲ့ဖော်ပြတာကြောင့် မျက်စိအန္တရာယ်သိပ်မရှိပါ။ 15, 16, 17, 19 လက္မ အမျိုးမျိုးရှိပါသည်။ Wide Screen , Normal Screen ကြိုက်ရာရွေးချယ်နိုင်ပါသည်။ Edit သမားကတော့ Wide Screen ကိုသာ ရွေးချယ်သင့်ပါသည်။ ဒါမှ Timeline တွေကြည့်ရတာ အားရစရာ ကောင်းပါသည်။ ဓာတ်ပုံဆိုလျှင်တော့ Resolution ကို သေချာချိန်ထားသင့်ပါသည်။ သို့မဟုတ်လျှင် ဓာတ်ပုံများသည် ပုပုပြဲပြဲကြီးများဖြစ်ပြီး ကြည့်ရတာ အတော်ဆိုးပါသည်။
Windows Operating System
Hardware ပိုင်းကို ဒီလောက်ဆိုလျှင် Editing အတွက် ဘယ်လိုပစ္စည်းတွေ သင့်တော်တယ် ဆိုတာ သိလောက်ပါပြီ။ အခုပြောမှာက Software ပိုင်းပါ။ Software ပိုင်းတွင် အဓိကအားဖြင့် Hardware System တစ်ခုလုံးကို ဦးဆောင်ပြီးအလုပ်လုပ်တဲ့ OS ကို စပြောပါမည်။ ကမ္ဘာပေါ်တွင် OS အမျိုးမျိုးရှိသည့်အနက် အဓိက အသုံးပြုတာကတော့ Microsoft Company ထုတ် Window ပါ။ Window တွင်လည်း Version အမျိုးမျိုးရှိပါသည်။ ရှေ့ပိုင်း Window များဖြစ်သည့် Window 98, Window ME တို့ကို အခုချိန်မှာ မစဉ်းစားသင့်တော့ပါ။ Window XP တင်ဖို့သာ စဉ်းစားရပါမည်။ Window XP Version တွင်လည်း Service Pack 1, Service Pack 2, Service Pack 3 စသဖြင့် ရှိပါသေးသည်။ အကောင်းဆုံးကတော့ XP Service Pack 2 ကိုသာ တင်သင့်ပါသည်။ နောက်ထပ်လာသော Version များသည် အပို Function များပါလာပြီး Sideber Gedget လို ဟာမျိုးဟာ Window အတတ်ကို နှေးကွေးစေပါသည်။ Start Up မှာ Program များနေတာကြောင့်ပါ။ ခုနောက်ဆုံးပေါ် Adobe Premiere Pro CS5 ကို သုံးစွဲချင်ရင်တော့ Window7 , Window8, Windows 10 ကို 64Bit သုံ:စွဲရပါမည်။
Video Editing Software
အခုတစ်ခါ လက်တွေ့လုပ်ငန်းအသုံးပြုမည့် Application Software များပါ။ Edit Software များစွာရှိပါသည်။ အဓိကကတော့ ShowBiZ, Pinnacle, Ulead, Director, Premiere, Affter Effect စသည့်တို့ဖြစ်ပါသည်။ မိမိ Project File များကို VCD, DVD သို့ အလွယ်တကူပြောင်းလဲပေးသော Cannopus Procoder ထည့်ရပါဦးမည်။ CD, DVD ခွေထုတ်တဲ့အခါမှာလည်း Nero နဲ့လည်း ကူးလို့ရပါသည်။ တစ်ချို့ကတော့ Ulead Movie Factory လုပ်ကြပါသည်။ ဒါဆိုရင် အဲဒီ Software ထပ်ထည့်ရပါမည်။
Editing Plug-ins
Video Editing လောကတွင် နောက်ထပ်အရေးကြီးတာ ရှိပါသေးသည်။ အဲဒါကတော့ နောက်ထပ် ထပ်မံထည့်သွင်းရသည့် Plug-In များဖြစ်ပါသည်။ Built-In Software များတွင် အသေပါလာသော Transition, Effect, Title များသည် ရိုးလှပါသည်။ Plug-In ထည့်မှသာလျှင် နောက်ထပ်ထူးခြားစရာများ ပြုလုပ်လို့ရပါသည်။ Software ပိုင်းကတော့ လေ့လာစမ်းသပ်စရာအများကြီး ပါ။ နောက်ထပ်လည်း ထူးထူးခြားခြား Software တွေ Version အသစ်အနေနဲ့ ထပ်ထွက်လာကြဦးမှာပါ။
Capture Card
Editing တွင် အဓိကအရေးကြီးသည့် Video Capture Card တွေကတော့ မရှိလည်း ဖြစ်နေပါပြီ။ နောက်ပိုင်းထွက်ပေါ်လာတဲ့ Video Camera အများစုဟာ HD Video ဖြစ်တာနဲ့ အညီ Memory Card, Hard Disk တို့ နဲ့ ဖမ်းယူတာကြောင့် Tapeless Workflow ဖြစ်လာပါတယ်။
ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com
Comments
Post a Comment