ဗွီဒီယို ရုပ်သံတည်းဖြတ်ခြင်းဆိုင်ရာ ကြိုတင်သိထားရမည့် အချက်များ

 


 ယခင်အပတ်က ဗွီဒီယို ရုပ်သံတည်းဖြတ်ဖို့ Computer ဝယ်ယူနည်းကို ပြောခဲ့ပါပြီ။ ခု အပတ်မှာ Editing အတွက် သိထားရမည့် Theroy များကို ရှင်းပြပါမည်။ Editing စလုပ်တော့မည်ဆိုရင် သူ့ရဲ့ တစ်ဆင့်ချင်းစီ လုပ်ရတဲ့ Step by Step Workflow ကို အရင်ဆုံးသိထားရပါမည်။ Analog AV Tape တွေကို CD/DVD ခွေ အဖြစ် ပြောင်းတာကို အဓိက ထားလုပ်မည်ဆိုလျှင် AV Capture Card ကို ကွန်ပျူတာမှာ အရင်တပ်ဆင်ပြီး အောက်စက်တွေကနေ Capture ဖမ်းယူပါမည်။ mini-DV Tape တွေနဲ့ ရိုက်တဲ့ အလှူ၊ မင်္ဂလာဆောင်၊ သာရေး၊ နာရေး မှတ်တမ်း Documentary ခွေများကို တည်းဖြတ်ဖို့ဆိုလျှင် DV Capture Card နဲ့ DV Tape ကို Playback လုပ်နိုင်မယ့် Handycam တစ်လုံးလောက်တော့ လိုအပ်ပါသည်။ တည်းဖြတ်ဆိုင် သုံးဖို့ဆိုလျှင် PAL ရော NTSC ရော နှစ်မျိုးလုံးရတဲ့ ဖတ်နိုင်တဲ့ Handycam ဖြစ်မှ ပိုအဆင်ပြေပါမည်။ Customer တွေဆီက လာနိုင်တဲ့ ခွေတွေက နှစ်မျိုးလုံး ဖြစ်နိုင်တယ်လေ။

AV Tape
Player နဲ့ Computer Capture Card ကို Composite ကြိုးတွေနဲ့ ဆက်သွယ်ချိတ်ဆက် ရပါမည်။ ရုပ်တစ်ကြိုး၊ အသံက ဘယ်ညာနှစ်ကြိုး အဲ တစ်ချို့ Player ကျတော့ Stereo မရဘဲ Mono ပဲ ရတတ်ပါတယ်။ သူ့ကျတော့ အသံတစ်ကြိုးပေါ့။
AV ရုပ်တွေကို အဆင်ပြေဆုံးဖမ်းနိုင်တဲ့ Edit Software တွေကို အသုံးပြုရပါမည်။ Pinnacle နဲ့ Corel Ulead Video Studio တို့ဟာ AV ဖမ်းယူရာမှာ တော်တော်လေး အဆင်ပြေတာကို တွေ့ရမှာပါ။
AV Tape တွေက ခွေ အဟောင်းတွေဆိုတော့ ဂျီးတတ်နေပြီး Preview Palyer မှာ အဆင်ကြောင်းတွေ ထနေတတ်ပါတယ်။ ဒါဆို စက္ကူသန့်သန့် ပိုက်ဆံအသစ်စက်စက် လေးကို လည်နေတဲ့ ဘီးပေါ်မှာ တိတ်သွားတာနဲ့ အလိုက်သင့် ညှပ်ထည့်ပေးလိုက်ပါ။ ဒါဆို ရစ်ဘီးပေါ်က ဂျီးတွေ ပြောင်သွားတဲ့အတွက် ရုပ်ပြန်ကြည်သွားပါမည်။

Mini-DV Tape
Handycam မှာ တိပ်ထည့်ပြီး Computer DV Caputre ကို 1394 ကြိုးကို အသုံးပြု ဆက်သွယ်ချိတ်ဆက်မှာ ဖြစ်ပါတယ်။
DV Capture ကို အဆင်ပြေဆုံးဖမ်းနိုင်တာတွေကတော့ Premiere နဲ့ Pinnacle တို့ဖြစ်ပါတယ်။ Pinnacle ကို ဘာ့ကြောင့်ထည့်ပြောရသလဲဆိုတော့ အကြောင်းရှိပါတယ်။ တစ်ချို့ DV ခွေကို Premiere နဲ့ ဖမ်းရာမှာ Playback Camera မှာသာ ရုပ်ပေါ်ပြီး Computer မှာ ရုပ်မပေါ်ပါ။ ဒါဆိုရင် ဒီခွေကို Pinnacle နဲ့ ဖမ်းကြည့်ပါ။ ရုပ်ပေါ်ပါလိမ့်မည်။
Premiere နဲ့ Capture ဖမ်းရာမှာ နောက်ထပ် ကြုံရနိုင်တဲ့ ပြဿနာတစ်ခု ရှိပါသေးတယ်။ Premiere Pro 1.5 နဲ့ ဖမ်းယူရာမှာ ၁၀ မိနစ်လောက်နေရင် Drop Frame ဆိုပြီး ရပ်သွားတတ်ပါတယ်။ အဲဒီလိုခွေမျိုးဆိုရင် Premiere Pro CS4 နဲ့ ဖမ်းကြည့်ပါ။ တရားပွဲများကို တိုက်ရိုက် Live Capture ဖမ်းယူရာတွင်လည်း Premiere Pro CS4 သည် အတော်အဆင်ပြေတာ တွေ့ရပါတယ်။

ရိုက်ကူး ဖမ်းယူ တည်းဖြတ်မှု လုပ်ငန်းစဉ်ကို ကြည့်ရင် အောက်ပါအတိုင်း တွေ့ရပါမည်။
အဆင့်(၁)။Shoot the video.
ကင်မရာနဲ့ ဗွီဒီယို ရိုက်ကူးခြင်း
အဆင့်(၂)။Capture (transfer) the video to your PC's hard drive.
ဒုတိယအဆင့်အ‌နေနဲ့ ကင်မရာထဲက ရုပ်သံ‌တွေကို Capture ဖမ်းယူပါမယ်။ Capture ဖမ်းတယ်ဆိုတာ ကွန်ပြူတာထဲက Hard Disk ဆီကို ကူး‌ပြောင်းယူတာပါ။
လက်‌တွေ့လုပ်ငန်းခွင်မှာ‌တော့ ရုပ်‌ကောက်တယ်၊ ‌မောင်းတင်တယ်ဆိုပြီး သုံးနှုန်းကြပါတယ်။

အဆင့်(၃)။Build your edited video by selecting, trimming and adding clips to a timeline.
Timeline ‌ပေါ်ကို တင်ပြီး‌တော့ လိုအပ်တဲ့ အခန်း‌တွေကို ‌ရွေးယူတယ်၊ မလိုအပ်တဲ့ အခန်း‌တွေကို ဖြတ်‌တောက်တယ်။

အဆင့်(၄)။Place transitions between clips, apply video effects to clips, and composite (layer) clips.
ဗွီဒီယိုအခန်း‌တွေရဲ့ကြားမှာ Transition ထားမယ်။ Video Effect ‌တွေ ထည့်မယ်။
တခြားဟာ‌တွေနဲ့ ‌ပေါင်းစပ်ဖွဲ့စည်းမှု‌တွေလုပ်ပြီး အနုပညာ‌မြောက်‌အောင် ဖန်တီးမယ်။

အဆင့်(၅)။Create text, credits or basic graphics and apply them to your project.
စာတန်း‌တွေ ထိုးမယ်။ လိုအပ်တဲ့ ဓာတ်ပုံတွေနဲ့ တွဲသုံးမယ်။

အဆင့်(၆)။Add audiobe it narration, music or sound effects.
‌နောက်ခံစကား‌ပြော၊ တီလုံး၊ သီချင်း ‌တွေ ထည့်မယ်။

အဆင့်(၇)။Mix multiple audio tracks and use transitions and special effects on your audio clips.
Sound Effect ‌တွေကို အသုံးပြုပြီး‌တော့ အသံပိုင်းဆိုင်ရာ ပြုပြင်မှု‌တွေလုပ်မယ်။

အဆင့်(၈)။Export your finished project to videotape, a PC file, streaming video for Internet playback, or to a DVD.
‌နောက်ဆုံးအဆင့် Customer ‌တွေဆီအပ်ရ‌အောင် CD/DVD ‌ခွေ‌တွေလုပ်မယ်။ ထပ်ပြီး Copy ကူးလို့မရ‌အောင် ဉာဏ်နီ ဉာဏ်နက် ဉာဏ်စိမ်း ဉာဏ်ဝါ‌တွေသုံးပြီး ပိတ်မယ်။ ပိတ်တယ်ဆိုတာကလည်း ယာယီခဏလောက်သာ ရပါတယ်။ ISO Buster လိုမျိုး Software တွေကို ပိတ်ထားတဲ့ ခွေတွေကို အလွယ်တကူ ပြန်လှန်လို့ ရနေတာကြေင့် အချိန်အတိုင်းအတာ တစ်ခုထိပဲ ရမှာပါ။

SMPTE Timecode, PAL & NTSC

SMPTE Timecode လို့‌ခေါ်ပါတယ်။ ရုပ်ရှင်၊ ဗွီဒီယို တည်းဖြတ်ရာတွင်လည်း ‌ကောင်း၊ ကာတွန်းကား Animation ပြုလုပ်ရာတွင်လည်း‌ကောင်း၊ တီဗွီ‌ကြော်ငြာ များ ပြုလုပ်ဖန်တီးရာတွင် လည်း‌ကောင်း ဒီ Timecode ကို နားလည်သ‌ဘော‌ပေါက်မှသာ ထိမိတိကျ‌သော ဖန်တီးချက်များကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ NTSC နဲ့ PAL စနစ်ခွဲခြားရာတွင်လည်း အသုံးပြုပါသည်။ SMPTE ရဲ့ အရှည်က Society of Motion Picture & Television Engineers ဖြစ်ပါတယ်။
NTSC ရဲ့ အရှည်‌ကောက်က National Television Standards Committee ဖြစ်ပါတယ်။ 1953 ခုနှစ်မှာ TV Standard အဖြစ် စတင်သက်မှတ်ခဲ့ပါတယ်။ NTSC စနစ်မှာ Frame တစ်ခုကို line 525 ခုနဲ့ ပြသပါတယ်။ ၁ စက္ကန့်မှာ Image Field 60 ရှိပါတယ်။ Image ပုံရိပ်က‌တော့ 30 ရှိပါတယ်။ NTSC စနစ်ကို အ‌မေရိက ‌မြောက်ပိုင်းနဲ့ အလယ်ပိုင်း၊ ဂျပန်နိုင်ငံ နဲ့ တချို့နိုင်ငံ‌တွေမှာ အသုံးပြုပါတယ်။ ကျွန်‌တော်တို့ နိုင်ငံမှာ လည်း NTSC စနစ်ကို အများဆုံးအသုံးပြုပါတယ်။
PAL ရဲ့ အရှည်‌ကောက်က Phase Alternation Line လို့‌ခေါ်ပါတယ်။ ဂျာမနီနိုင်ငံ က‌နေ စတင်‌ပေါက်ဖွားလာပါတယ်။ ဥ‌ရောပနိုင်ငံအများစုက PAL စနစ်ကို အသုံးပြုပါတယ်။ PAL video မှာ Frame တစ်ခုကို line 625 ခုနဲ့ ပြသပါတယ်။ ၁ စက္ကန့်မှာ Image Field 50 ရှိပါတယ်။ Image ပုံရိပ်က‌တော့ 25 ရှိပါတယ်။

Screen

Normal Screen နဲ့ Wide Screen ဆိုပြီး ၂ မျိုးရှိပါတယ်။ Normal Screen က ပုံမှာ ပြထားတဲ့အတိုင်း ၄ အချိုး ၃ ဖြစ်ပါတယ်။ Wide Screen က ၁၆ အချိုး ၉ ဖြစ်ပါတယ်။ ‌နောက်ပိုင်းမှာ Normal Screen က ‌ပျောက်ကွယ်သွားပြီး Wide Screen ‌တွေပဲ ‌ခေတ်စားလာပါတယ်။ ကျွန်‌တော်တို့ရဲ့ မျက်လုံး‌တွေက အ‌ပေါ်‌အောက်ကြည့်တာ မဟုတ်ဘဲ ‌ဘေးဘယ်ညာ ကြည့်တဲ့အတွက် Wide Screen နဲ့ပဲ သင့်‌တော်ပါတယ်။ ‌နောက်ပိုင်းလာတဲ့ နိုင်ငံခြားရုပ်ရှင်ကား‌တွေလည်း မြင်ကွင်းကျယ်နဲ့ လာပါတယ်။ တချို့မြန်မာဇာတ်ကား‌တွေလည်း Wide Screen နဲ့လာပါတယ်။

Screen Resolution ကို ကွက်တိကျအောင် ချိန်ညှိခြင်း
Wide Screen Monitor ကို Resolution မှန်‌အောင်မချိန်ရင် ရုပ်‌တွေကို ကြည့်ရတာ ပုပြဲပြဲကြီး ဖြစ်‌နေပါတယ်။ စက်ဝိုင်း‌တွေဝိုင်းကြည့်ရင် ဘဲဥပုံ‌တွေ ထွက်‌နေပါတယ်။ ဒါဟာ Setting မကိုက်‌သေးလို့ပါ။ Setting ကိုက်‌အောင်ချိန်တဲ့နည်း ကို ‌အောက်မှာ ‌ဖော်ပြ‌ပေးလိုက်ပါမယ်။
၁။ Desktop ရဲ့ လွတ်တဲ့‌နေရာမှာ Right Click နှိပ်ပါ။
၂။ Properties ကို ‌ရွေးရင် Display Properties Dialogbox ‌ပေါ်လာပါမယ်။
၃။ Setting ကို ‌ရွေးလိုက်ပါ။
၄။ Screen Resolution ‌နေရာတွင် 1440 by 900 Pixel, 1600 by 900 Pixel စသဖြင့် Wide Screen Format ကို Monitor Manual Book မှာ ပါတဲ့အတိုင်း ချိန်ကြည့်ပါ။

ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com

Comments

Popular posts from this blog

ဘုန်းကြီးကျောင်းသားဘဝမှ CEO ဖြစ်လာသူ

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ Smart Phone စစ်ပွဲ (သို့မဟုတ်) Android OS မွေးဖွားလာခြင်း 2

မြန်မာနိုင်ငံ အဝေးသင်တက္ကသိုလ်များနှင့် e-Learning ကဏ္ဍ (အပိုင်း-၁)