နည်းပညာကမ္ဘာထဲမှာနေထိုင်ခြင်း
နည်းပညာဆိုတာ ကမ္ဘာတစ်ခု ဖြစ်မယ်ဆိုရင် ကျွန်တော်တို့လေ့လာနေတဲ့ပညာတွေဟာ နိုင်ငံတွေပဲ ဖြစ်လာမှာပါ။ လူငယ်တစ်ယောက်ဟာ နည်းပညာကမ္ဘာဆီကို သွားရင် သူအရင်ဆုံး ရောက်မယ့် နိုင်ငံက Computer Basic ဆိုတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အဲဒီနိုင်ငံထဲမှာ OS Basic, Word, Excel, Power Point, Multimedia, Internet ဆိုပြီး ပြည်နယ် ၆ ခု တွေ့ရပါမယ်။ အဲဒီနိုင်ငံမှာ ၂ လကျော်ကြာ နေထိုင်မှ နည်းပညာကမ္ဘာရဲ့ တခြားနိုင်ငံတွေဆီ ဆက်သွားဖို့ လုံလောက်တဲ့ အတွေ့အကြုံတွေ ရရှိမှာ ဖြစ်ပါတယ်။
ဒါပြီးရင်တော့ DTP နိုင်ငံထဲကို ဆက်လက် ခရီးဆက်ရပါမည်။ ပြည်နယ်အဟောင်းဖြစ်တဲ့ Adobe PageMaker ကို အရင်သွားရမှာ ဖြစ်ပြီး ပြည်နယ်အသစ်ဖြစ်တဲ့ Adobe InDesign ကိုလည်း ရောက်အေင်သွားထားမှ နည်းပညာကမ္ဘာထဲမှာ ခေတ်မှီတဲ့နည်းလမ်းတွေကို အသုံးချခွင့်ရမှာ ဖြစ်ပါတယ်။
DTP နိုင်ငံ ပြီးရင်တော့ သူနဲ့ မကင်းရာ မကင်းကြောင်း ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ Graphic Design နိုင်ငံထဲကို ခရီးဆက်ရပါမည်။ အရင်ဆုံး PhotoShop ပြည်နယ် ထဲကို အရင်ဝင်ရပါမည်။ လေ့လာသင်ယူစရာ အများအပြားရှိပြီး အချိန်ကာလအားဖြင့် (၂) လကြာအောင် လေ့လာသင်ယူရပါမည်။ ဒါပြီးရင်တော့ သူနဲ့ အသွင် သဏ္ဍာအားဖြင့် တူညီပြီး အနှစ်သာရအားဖြင့် ကွဲပြားတဲ့ Illustrator ထဲကို သွားရပါမည်။ ဒါပြီးရင် အသွင်သဏ္ဍာန်ရော အနှစ်သာရရော တူညီပြီး အုပ်ချုပ်သူ ကွဲပြားတဲ့ CorelDraw ကို ဆက်လက် ခရီးဆက် လေ့လာရပါမည်။
ရုပ်ငြိမ်တွေကို လေ့လာပြီးတဲ့နောက်မှာ သက်ဝင် လှုပ်ရှားမှုတွေပြည့်နက်နေတဲ့ Video Editing နိုင်ငံထဲကို ရောက်ရှိသွားပါမည်။ ပြည်နယ် အငယ်လေးတွေအဖြစ် ShowBiz, Ulead, Pinnacle, PowerDirector တိုကို အရင်ဆုံး တွေ့ရမှာ ဖြစ်ပြီး အကြီးမားဆုံးပြည်နယ်အဖြစ် Adobe Premiere Software ကို မြင်တွေ့ရပါမည်။ နောက်ထပ် ထွက်ပေါ်လာတဲ့ Edius ပြည်နယ်ကလည်း သူ့ရဲ့ လူမျိုးမရွေး ဘာသာမရွေးတဲ့ မူဝါဒကြောင့် လူစိတ်ဝင်စားမှု မြင့်တတ်လာတဲ့ ပြည်နယ် တစ်ခု ဖြစ်ပါတယ်။ Premiere မှာ ပါဝင်တဲ့ စီးပွားရေးသမားတွေ (Plug-in) တွေဟာ Edius မှာလည်း အခြေချနေကြပြီး ဖြစ်ပါတယ်။ Premiere နဲ့ အတူ နောက်ထပ် နီးကပ်စွာ တည်ရှိနေတဲ့ ပြည်နယ်တစ်ခုကတော့ After Effect ဖြစ်ပါတယ်။ Adobe Government အောက်မှာ တည်ရှိနေကြတဲ့ ပြည်နယ် (၂) ခုဖြစ်တာနဲ့အညီ မတူညီတဲ့ ဂုဏ်သတ္တိနဲ့ စိတ်ဝင်စားစရာ အပြည့်ရှိတဲ့ လေ့လာစရာ နယ်ပယ်တွေဖြစ်တဲ့အပြင် စီးပွားရေးလုပ်ငန်းလည်း အင်မတန်ကောင်းမွန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ဖြစ်ပါတယ်။
ဒါပြီးရင်တော့ နည်းပညာကမ္ဘာကြီး အခုလို သာယာလှပလာအောင် နောက်ကွယ်ကနေ အဓိက ကျားကန် ထောက်ပဲ့ပေးနေတဲ့ A+ နိုင်ငံတော်ကြီးကို ခရီးဆက်ရပါမည်။ A+ နိုင်ငံက လေ့လာလည်ပတ်စရာတွေ ပြီးရင်တော့ သင်ဟာ နည်းပညာကမ္ဘာမှာ ခရီးတစ်ဝက် ကျိုးရောက်ပြီးလို့ ပြောနိုင်ပါတယ်။ A+ က နည်းပညာကမ္ဘာရဲ့ လိုအပ်နေတဲ့ ကုန်ကြမ်း ကုန်ချော စစ်လက်နက် ကိရိယာတွေ အကုန်လုံးကို တာဝန်ယူ ထောက်ပံ့ပေးနေပါတယ်။ တခြားနည်းပညာနိုင်ငံတွေရဲ့ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကိုလည်း ဒီ A+ နည်းပညာနိုင်ငံကပဲ ပြင်ဆင်ပေးရပါတယ်။ A+ နိုင်ငံဟာ နည်းပညာ ကမ္ဘာရဲ့ အချက်အခြာ အလယ်ဗဟိုလို့ ဆိုနိုင်ပါတယ်။ ဒီနေရာကနေ သင်ဟာ နည်းပညာ ကမ္ဘာရဲ့ တခြားနိုင်ငံတိုင်းကို အလွယ်တကူ သွားနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နည်းပညာကမ္ဘာမှာ ရှိနေတဲ့ နိုင်ငံတိုင်းက လူတွေက A+ နိုင်ငံတိုင်းကို လာရောက်ကြရတာချည်းမို့ပါပဲ။
A+ နိုင်ငံထဲမှာ သင်ဟာ (၆) လကျော် နေထိုင်ပြီးရင်တော့ နည်းပညာကမ္ဘာရဲ့ အကြီးမားဆုံးကွန်ယက်ဖြစ်တဲ့ Networking နိုင်ငံထဲကို ဝင်ရောက်ရပါမည်။ ဘာသာစကားအမျိုးမျိုးတွေပြောပြီး မတူညီတဲ့ လူမျိုးစုတွေ ဖြစ်တဲ့ Microsoft, Cisco, Linux တို့ကို တွေ့ရမှာ ဖြစ်ပြီး အချိန်ကာလအားဖြင့် (၆) လကျော် လေ့လာရပါမည်။
Networking နိုင်ငံ ပြီးရင် နည်းပညာကမ္ဘာကြီးလုံခြုံစိတ်ချဖို့အတွက် Hacker တွေရဲ့ အကြမ်းဖက်မှုတွကနေ ကာကွယ်ပေးမယ့် Security နိုင်ငံထဲကို အရောက်သွားပြီး လုံခြုံရေး အဆင့်မြင့် နည်းပညာများကို လေ့လာရပါမည်။ Backtrack က ပြည်နယ်အဟောင်းဖြစ်ပြီး Kali Linux ကတော့ Hacking or Security နိုင်ငံရဲ့ အကြီးဆုံး ပြည်နယ် ဖြစ်ပါတယ်။မကောင်းတဲ့(Black) Hacker တွေရော ကောင်းတဲ့(White)Hackerတွေရော
Cyber Police တွေရော Kali ပြည်နယ် ထဲမှာ မတူကွဲပြားပေမယ့် ငြိမ်းချမ်းစွာ အတူယှ ဉ်တွဲ နေထိုင်ကြပါတယ်။
နည်းပညာကမ္ဘာမှာ ကျွန်တော်တို့ ဆက်လက် လေ့လာကြမယ့် နိုင်ငံကတော့ နည်းပညာကမ္ဘာကြီး တစ်ခုလုံးကို ထိန်းချုပ်မောင်းနှင်နေတဲ့ Programming နိုင်ငံပဲ ဖြစ်ပါတယ်။ ပြင်ပ အပေါ်ယံ အသွင်သဏ္ဍာန်တွေက တစ်ခုနဲ့ တစ်ခု တူသယောင်ယောင်ရှိပေမယ့် ပြည်နယ်တိုင်းဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်လို့ ဖွဲ့စည်းပုံ အခြေခံ ဉပဒေ တွေကိုးက တစ်ပြည်နယ် တစ်ခု ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ ပြောတဲ့ တစ်ကျောင်း တစ်ဂါထာ ဆိုတာ Programming ကိုပဲ ပြောတာနေမှာပါ။ သင်တွေ့ရမည့် ပြည်နယ်တွေက C, C++, C#, Java, VB.NET, Android, Python တို့ဖြစ်ပြီး မထင်ရှားတဲ့ ပြည်နယ် အများအပြားကိုလည်း ဒီနိုင်ငံမှာ သင်တွေ့ရှိရပါမည်။ သဘော သဘာဝ တူညီတာကြောင့် ပြည်နယ်တစ်ခုကို သင် ကျွမ်းကျွမ်းကျင်ကျင် လေ့လာပြီးရင် ကျန်တဲ့ ပြည်နယ်တွေရဲ့ မြေမျက်နှာသွင်ပြင်နဲ့ သဘာဝပေါက်ပင်တွေကိုလည်း ရင်းနှီးသွားပါလိမ့်မည်။ ဒီမိုကရေစီ နိုင်ငံများပီပီ ပြိုင်ဆိုင်မှု အပြင်းအထန် ဖြစ်ပေါ်နေပြီး ယခု လက်ရှိ Google CEO အုပ်ချုပ်နေတဲ့ Python က Developer ပြည်သူ အများဆုံးနေထိုင်နေကြပါတယ်။ အခွန်လုံးဝ ဆောင်စရာမလိုတဲ့ Text Free (Open Source) ဟာ Programming နိုင်ငံတွေရဲ့ အဓိက ဂုဏ်သတ္တိ လက္ခဏာဖြစ်တာကြောင့် Microsoft ရဲ့ .NET တောင် ရေရှည် ရပ်တည်ဖို့အတွက် Open Source လုပ်ခဲ့ရပါတယ်။
Programming နိုင်ငံနဲ့ အဓိက အနေနီးစပ်နေတဲ့ နိုင်ငံကတော့ Database နိုင်ငံပဲ ဖြစ်ပါတယ်။ Access ဟာ အသေးဆုံးပြည်နယ်ဖြစ်ပြီး SQL, Oracle, ADO.NET တို့ဟာ Database နိုင်ငံတွေရဲ့ အထင်ရှားဆုံးပြည်နယ် တွေပဲ ဖြစ်ပါတယ်။ နိင်ငံခြားဝင်ငွေ အဓိက ရှာပေးနေတဲ့ ပညာရပ်တွေ စုစည်းနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။
နည်းပညာ ကမ္ဘာမှာ ထိပ်တန်းရောက်နေတဲ့ ပထမနိုင်ငံတွေကို ဆက်လက် ခရီးဆက်ရအောင်။ အဲဒါကတော့ Internet ဆိုတဲ့ ကျားကို တောင်ပံ တပ်ပေးထားတဲ့ Web နည်းပညာတွေပဲ ဖြစ်ပါတယ်။ Design နဲ့ Development ဆိုပြီး နိုင်ငံ နှစ်ခြမ်းကွဲနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ Desing ဘက်မှာ HTML, CSS, JavaScript တို့ ရှိကြပြီး Development မှာ CMS, PHP, Node.js, Leravel, MVC Framework, Backend Sever တို့ ရှိကြပါတယ်။ CMS ထဲမှာ Blogger, Wordpress, Joomla, Drupal, Moodle တို့ ထပ်မံ ခွဲခြားပါသေးတယ်။
နည်းပညာကမ္ဘာမှာ ပူးပူးနွေးနွေး နိုင်ငံ အသစ်တွေလည်း ပေါ်ပေါက်နေပါတယ်။ Mobile လို့ နာမည်ပေးထားတဲ့ နိုင်ငံ သစ်ထဲကို ဝင်လေ့လာကြည့်ရအောင်။ Android, iOS တို့ကို တွေ့ရမည်ဖြစ်ပြီး Android မှာ ဆင်းရဲသားပြည်သူတွေ အဓိကနေထိုင်ကြပြီး iOS ဘက်မှတော့ လူချမ်းသာကြေးရတက် တွေ နေထိုင်ကြတာကို မြင်တွေ့ရမှာပါ။ software repair, hardware repair လုပ်ငန်းတွေမှာ ဝင်ငွေ လွယ်နေတာကို မြင်တွေ့ရမှာပါ။ Programming နိုင်ငံမှာ နေထိုင်ကြတဲ့ Developer ပြည်သူတွေဟာ Mobile App ထုတ်ကုန်တွေကို ဒီ Mobile နိုင်ငံမှာ အဓိက တင်ပို့ နေကြပါတယ်။
ကဲ ဒီတစ်ခါတော့ နားနားနေနေ ပျော်ရ ကရအောင် Computerized Music နိုင်ငံထဲကို အလည် သွားရအောင်။ တွေ့ရမည့် ပြည်နယ်တွေက Guitar Pro, Fruity Loop, CakeWalk Soner Pro တို့ ဖြစ်ပါတယ်။ Day Club, Night Club တွေနဲ့ အမြဲတမ်း စည်ကားနေပြီး ဂီတစာဆိုတို့ ပျော်မြူးရာ နေရာဒေသ ဖြစ်ပါတယ်။ လေ့လာလို့ ခရီးပေါက်သွားရင်တော့ ချက်ချင်း နိုင်ငံကျော် ကမ္ဘာကျော်ဖြစ်ပြီး ချမ်းသာသွားနိုင်တဲ့ ပညာရပ်ဖြစ်ပါတယ်။ ဂီတ ပါရမီတော့ ပါဖို့လိုအပ်ပါတယ်။
နည်းပညာကမ္ဘာကို ရောက်ပြီး Accounting နိုင်ငံထဲကို မရောက်ရင်လည်း သင့်ဘဝ ပြည့်စုံမှာ မဟုတ်ပါဘူး။ MYOB, Peachtree, Barcode တို့ကို အဓိက တွေ့ရမှာဖြစ်ပြီး မိခင်ဘာသာစကားနဲ့ ရေးထားတဲ့ ထုတ်ကုန်တွေဟာ International English ဘာသာစကားနဲ့ ရေးထားတဲ့ ထုတ်ကုန်တွေထက် အဆ ၁၀၀ တန်းဖိုး ပိုကြီးပါတယ်။
ကဲ သင်ရော နည်းပညာကမ္ဘာရဲ့ ဘယ်နိုင်ငံတွေမှာ အလည်ရောက်ဖူးပြီး ဘယ်နိုင်ငံတွေမှာ အခြေချ နေထိုင် နေသလဲဆိုတာ Comment မှာ ရေးပေးပါ ဉီး။
ဝေဖြိုးအောင် (AIT Computer)
www.aitcomputer.com
www.aitonlinetraining.com
Comments
Post a Comment