မြန်မာနိုင်ငံသားတိုင်း သင်ထား သိထား တက်မြောက်ထားရမည့် အခြေခံ အိုင်တီ နည်းပညာများ
အိုင်တီနည်းပညာဆိုလို့ သင်နဲ့ အဝေးကြီးလို့ မထင်လိုက်ပါနဲ့။ သင့်လက်ထဲမှာပဲ ရှိနေပါတယ်။ သင် ဒါကို အမြဲတမ်း ကိုင်တွယ် အသုံးပြုနေပါတယ်။ သင်ကိုင်နေတဲ့ မိုဘိုင်းဖုန်းဟာ သင့်ဘဝထဲမှာ အိုင်တီ ရှိနေပြီးဆိုတာကို သက်သေပြနေတာပါပဲ။ မိုဘိုင်းဖုန်းမှာပါဝင်တဲ့ အခြေခံလုပ်ဆောင်ချက်တွေကို သင်ဘယ်လောက်ထိ သိထားပြီးပြီလဲ? နိုင်ငံသားတစ်ယောက်အနေနဲ့ သင်ထား သိထား တက်မြောက်ထားရမည့် အခြေခံ အိုင်တီ နည်းပညာများတွေက ဘာတွေလဲ? သင် အဲဒါတွေ လေ့လာ သင်ယူ ပြီးပြီးလား? သင် ဘယ်လောက်ထိ သိထားပြီး ဘာတွေ သိဖို့ ကျန်သေးလဲဆိုတာကို သိဖို့ ဒီပို့ကို ဆုံးအောင် ဖတ်ကြည့်ပါ။
သင့်ရဲ့ ဖုန်းမှာ အောက်ပါ Application Software တွေရှိပြီးတော့ ဒါတွေကို နေ့တဓူဝ အသုံးချနေဖို့ လိုပါတယ်။
Facebook, Google Document, Google Map, Google Chrome, Play Store, YouTube, Word Document, Excel, Power Point Presentation, Internet (Google, Yahoo, Bing and etc), Email/Gmail, Wikipedia, E-journals/ e-books, Viber, Skype, LinkedIn, Twitter, Wiki How, Street View
နည်းပညာ အခြေခံအနေနဲ့ အခြေခံအပိုင်း (၅) ပိုင်းကို သိကျွမ်း ရင်းနှီးနေရပါမယ်။
၁။ ကွန်ပျူတာ၊ လက်တော့ ကိုင်တွယ် အသုံးပြုခြင်း
၂။ အင်တာနက် Online ကို ထိထိရောက်ရောက် ရှာဖွေ အသုံးချခြင်း
၃။ သတင်းအချက်အလတ်များကို မှား၊ မှန် ဝေဖန်ပိုင်းခြား ရှာဖွေ သုံးသပ် မှန်ကန်စွာ အသုံးချနိုင်ခြင်း
၄။ လူအသုံးများတဲ့ Social Network ဖြစ်တဲ့ Facebook, Twitter တွေမှာ သင့်ကိုယ့်သင့် လုံခြုံစိတ်ချ အန္တရာယ်မဖြစ်အောင်
Misinformation – false or inaccurate information, especially that which is deliberately intended to deceive.
လိမ်လည် လှည့်ဖြားဖို့ ရည်ရွယ်ချက်ရှိရှိ တမင်တကာ ကြိုတင် လုပ်ကြံထားတဲ့ မှားယွင်းသော မမှန်ကန်သော မတိကျသော ချွတ်ချော်သော သတင်းမှားများ
Disinformation - false information that is intended to mislead, especially propaganda issued by a government organization to a rival power or the media.
အစိုးရ အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် သတင်းမီဒီယာ တွေက ပြိင်ဘက် နိုင်ငံရေးအဖွဲ့အစည်းတွေပေါ်ကို အသာစီးရအောင် လမ်းမှားဘက်ကို ဉီးတည်နေတဲ့ သိသိသာသာသော်လည်းကောင်း မသိမသာသော်လည်းကောင်း Bias ဖြစ်စွာ ဘက်လိုက်ပြီးတော့ ရေးသားတင်ဆက် ဖော်ပြထားတဲ့ မမှားသော်လည်း အတိအကျ မမှန်ကန်သော ပိုပိုသာသာ ကြွားကြွားဝါးဝါးလေး လုပ်ထားသော ဝါဒဖြန့် သတင်းများ
အဲဒါတွေကို သင့်ဉီးဏှောက်ကနေ လက်ခံသင့် မသင့်၊ Share သင့် မ Share သင့်၊ Like သင့် မ Like သင့် ခွဲခွဲခြားခြား သိပြီလား?
၅။ မိုဘိုင်းဖုန်း Setting တွေ, Mobile Phone Application တွေကို ထဲထဲဝင်ဝင် နားလည် အသုံးချတက်ပြီးလား?
General operational skills (Desktop/Laptop)
1) ရှိပြီးသား ဖိုင်များအားဖွင့်တတ်၊ သိမ်းဆည်းတတ်ပါသလား?
2) ဖိုင်များကို အသစ်ပြုလုပ်ခြင်း၊တည်းဖြတ်ခြင်းတို့ကိုဆောင်ရွက်နိုင်ပါသလား?
3) Snipping Tool အားအသုံးပြုပြီး Screen Shot များရိုက်တတ်ပါသလား?
4) ဖိုင်တစ်ခုအား အခြားသောပုံစံဖြင့် သိမ်းဆည်းခြင်း Save As ကို သိပါသလား?
5) နမူနာ အသင့်လုပ်ပြီးသား templates များကို အသုံးပြုတတ်ပါသလား?
6) စာ၊ ဓာတ်ပုံ ရုပ်ပုံများကို Cut, Copy, Paste လုပ်တတ်ပါသလား?
7) ဇယားများ ရေးဆွဲခြင်း ၊hyperilinks, hypertext များထည့်သွင်းတတ်ပါသလား?
Online operational skills
😎 ICT နှင်. အင်တာနက်ဆိုင်ရာအခြေခံအချက်အလက်များကို သိရှိပါသလား?
9) files များအား ဒေါင်းလုပ်ခြင်း ၊သိမ်းဆည်းခြင်းနှင့် ပြန်လည် ရှာဖွေဖွင့်ခြင်းတို့ကိုပြုလုပ်တတ်ပါသလား?
10) Browser တွင် Tab အသစ်တခုဖွင့်တတ်ပါသလား?
11) ရှာဖွေပြီးသား Web Site, Web Page တွေကို မပျောက်မပျက် သိမ်းထားနိုင်တဲ့ Bookmarks များအားပြုလုပ်တတ်ပါသလား?
12) Internet မှ စာမျက်နှာများကို သိမ်းဆည်း၍ Print ထုတ်တတ်သလား?
13) Webpages များမှ စာများနှင့် ပုံများကို Copy ကူးနိုင် သလား?
14) e-mail ပေးပို့ခြင်း၊ပြန်ဆိုခြင်း နှင်. ဆက်လက်ဖြန့်ဝေ.ခြင်းတို့ကိုလုပ်တတ်ပါ သလား?
15) Gmail ပို့တဲ့အခါ CC, BCC ဘယ်လိုကွားခြားသလဲ ဘယ်လို အကျိုးသက်ရောက်သလဲဆိုတာ သိပါသလား?
16) folders များတည်ဆောက်ခြင်း,emailများရွေ.ပြောင်းခြင်းနှင်. ဖယ်ရှားခြင်းစသည့်ဖြင့် E mails များကိုစနစ်တကျ Attachment ဖိုင်တွဲတတ်ပါ သလား?
17) ဖိုင်များ၊စာများကို အီးမေလ်းတွင်ပူးတွဲခြင်းနှင်.တွဲထားသော ဖိုင်များကို ပြန်လည်၍ဖွင့်တတ်ပါ သလား?
18) Cloud System ဥပမာ Google Drive- ကိုအသုံးပြု၍ ဖိုင်၊ဖိုဒါများအား Upload လုပ်ခြင်းနှင့် Share ပြုလုပ်တတ်ပါ သလား?
19) Google Doc, Google Sheet, Google Slide တို့ကို အသုံးပြု၍ Online Collobration အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းကို သိပါသလား?
20) Professional Gmail အတွက် လိုအပ်တဲ့ စည်းကမ်းချက်တွေကို သိပါသလား?
Information navigation skills
21) အင်တာနက်ပေါ်တွင် ရှာဖွေရာ၌ အဓိကစကားလုံး Keyword များအား မည်သို့အသုံးပြုရမည်ကို သိပါ သလား?
22) အွန်လိုင်းတွင် မိမိလိုချင်သည့် သတင်းအချက်အလက်ရှာကို ရှာဖွေနိုင်ပါ သလား?
23) Search Engine နှင့် Directories ကို သိရှိပါ သလား?
24) Website များတွင် ပါရှိသည့် Hyperlinks များကို ကောင်းစွာအသုံးပြုနိုင် သလား?
25) Google News နှင့် အခြားဝက်ဘ်ဆိုက်များမှ သတင်းများရယူရန်အတွက် Email Alert လုပ်ပုံလုပ်နည်းကို သိပါ သလား?
26) pdf, ppt, image စသဖြင့် အွန်လိုင်းတွင် လိုချင်သည့် သတင်းအချက်အလက်များအား လိုချင်သည့် ပုံစံအမျိုးအစားအတိုင်း (pdf, ppt, image) ရှာဖွေတတ်ပါ သလား?
27) သိမ်းဆည်းထားသည့် သတင်းအချက်အလက်များအား ပြန်လည်ရယူတတ်ပါ သလား?
28) ကျင့်ဝတ်နှင့်အညီ Online Resource တွေကို ပြန်လည် ကိုးကား အသုံးချတတ်ပါသလား?
Social Networking skills
29) မည်သည့်သတင်းအချက်အလက်ကို အွန်လိုင်းတွင် share သင့်၊ မ share သင့်အား သိပါသလား?
30) သတင်းများအား အွန်လိုင်းတွင် မည်သည့်အချိန်တွင် မျှဝေသင့်/ မသင့်ကို နားလည်ပါသလား?
31) သင်သည် သင့်၏ သဘောထားမှတ်ချက်များနှင့် အပြုအမူများကို အွန်လိုင်းတွင် ကိုယ်ရောက်ရှိနေ သည့် အခြေအနေနှင့် လျော်ညီစေရန် အထူးဂရုပြုသလား?
32) Internet တွင် သင့်၏ ကိုယ်ရေးကိုယ်တာ အချက်အလတ်များ Privacy ကို မည်သို့ကာကွယ်ရမည်ကို သိပါသလား?
33) အွန်လိုင်းပေါ်တွင် ရှိသော သတင်းအချက်အလက်များသည် မှန်ကန်မှု ရှိ/မရှိကို ယေဘူယျအားဖြင့် ဆန်းစစ်အကဲဖြတ်နိုင်ပါသလား?
34) Online မှာ တက်လာတဲ့ သတင်းတိုင်းကို Misinformation, Disinformation ခွဲခြားတတ်ပါသလား?
35) မိမိအကောင့်များ လုံခြုံစိတ်ချစေရန် Password, Security setting များအား မည်သို့ပြုလုပ်ရမည်ကို သိပါသလား?
36) Facebook Account အဟတ်မခံရအောင် Two Step Verification ကို အသုံးချတတ်ပါသလား?
37) Facebook ရဲ့ Community Standard တွေကို သိရှိလိုက်နာပါသလား?
Mobile Phone Setting & Application skills
38) မူရင်း မိုဘိုင်း အပလီကေးရှင်းများကို ဘယ်လိုနေရာ ဘယ်လို Market ကနေ Download ဆွဲရမည်ကို သိပါသလား?
39) စမတ်ဖုံး/ တက်ဘလက်များတွင် အပလီကေးရှင်းများအား မည်သို့ install နှင့် Delete လုပ်ရမည်ကို သိပါသလား?
40) အပလီကေးရှင်းများအား မည်သို့ Share လုပ်ရမည်ကို သိပါသလား?
41) စမတ်ဖုံး/ တက်ဘလက်များဖြင့် Gmail, Email, Browser, Office Suite အသုံးပြုပုံကို သိပါသလား?
42) စမတ်ဖုံး/ တက်ဘလက်များ၏ Setting များကို မည်သို့ပြောင်းရမည်ကို သိပါသလား?
43) Mobile Phone ဖြင့် Youtube တွင် ဗီဒီယိုဖိုင်များအား ရှာဖွေခြင်း/တင်ခြင်းများ ပြုလုပ်တတ်ပါသလား?
Comments
Post a Comment