10th Anniversary AIT Computer
10th Anniversary AIT Computer
2005 ခုနှစ်ကနေ စတင်လာခဲ့တဲ့ AIT Computer ဟာ ခုလာမည့် ဒီဇင်ဘာ (၅) ရက်၊ ၂၀၁၅ ဆိုရင် (၁၀) နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ ခုချိန်မှာ AIT Computer အနေနဲ့ IT နည်းပညာစာအုပ် (၁၀၀) ကျော်နဲ့ ပို့ချချက် ဗွီဒီယိုဖိုင်ပေါင်း (၃၅၀၀) ကျော် သင်ကြားပို့ချ ရေးသားထုတ်ဝေခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဆက်လက်ပြီး AIT Online Training Website မှာ တင်ဖို့အတွက် Myanmar Learning Tutorial (၃၅၀၀) ကျော်ကိုလည်း ရေးသားပြုစုလျှက် 2016 မှာ Internet ပေါ်မှာ ဖွင့်လှစ်ပို့ချဖို့ ပြင်ဆင်နေလျက် ရှိပါတယ်။ အဲဒီအချိန်ကျရင် မြန်မာနိုင်ငံရဲ့ အကြီးဆုံး e-Learing Online Training Website ဖြစ်လာမှာပါ။ အဒီအတွက် Content တွေကိုလည်း ရေးသားပြင်ဆင်လျက် ရှိပါတယ်။ AIT Computer ရဲ့ Product တွေကို ကွန်ပျူတာဆော့ဝဲဆိုင်များဖြစ်တဲ့ Excellent, Active, National, NewMe နဲ့ စာအုပ်ဆိုင်များဖြစ်တဲ့ နဂါးစာပေ၊ ညိုစာပေ၊ ရာပြည့်စာပေ၊ စိတ်ကူးချိုချိုစာပေ၊ ခေတ်သစ်စာပေ၊ ထွန်းဦးစာပေ တို့မှာ ဝယ်ယူရရှိနိုင်ပါတယ်။
Facebook သူငယ်ချင်းတွေဆီကနေ အကူအညီ တစ်ခု တောင်းဆိုချင်တာ ရှိပါတယ်။ ကျွန်တော့်ရဲ့ AIT Computer (၁၀) နှစ်မြောက် နှစ်ပတ်လည် ကို ဂုဏ်ပြုတဲ့ အနေနဲ့ သင်တို့ရဲ့ ကိုယ်ပိုင် Timeline မှာ ပြန် Share ပေးစေချင်ပါတယ်။ AIT Computer ရဲ့ စာအုပ်နဲ့ ပို့ချချက် ဗွီဒီယိုဖိုင်တွေ နားထောင်ကြည့်ရှုဖူးရင် Comment မှာ Thank AIT Computer ဆိုပြီး အသိအမှတ်ပြုပေးကြပါလို့။ ဒီကရှေ့ ဆက်လက်ထွက်ရှိမယ့် စာအုပ်နဲ့ ပို့ချချက် Training Video DVD တွေကတော့ အားလုံး မျှော်လင့်တောင့်တနေတဲ့ C++, C#, Java, JavaScript, VB.Net, Python စတဲ့ Programming ဘာသာရပ်တွေကို အခြေခံကနေ အဆင့်မြင့်ထိ Volumn 1, Volumn 2 စသဖြင့် အတွဲလိုက် ထုတ်ဝေပေးသွားမှာ ဖြစ်ပါတယ်။
(၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကျွန်တော့်ရဲ့ နည်းပညာ ဖြက်သန်းခဲ့တဲ့ ဘဝ အကြောင်းလေးကိုလည်း အနည်းငယ် ပြောပြချင်ပါတယ်။ ကွန်ပျူတာနည်းပညာ ဘာသာရပ်တော်တော်များများကို ကျွန်တော်ပို့ချ ရေးသားနိုင်ဖို့အတွက် အကူအညီ ပေးနေသူတွေ အများကြီး ရှိပါတယ်။ အဓိကကတော့ ကျွန်တော့် ဆရာတွေရဲ့ ကျေးဇူးတွေပါပဲ။ ဆရာကိုတေဇာမြင့် (MCC Computer), ဆရာ ကိုပါကြီး (Syscon Computer), ဆရာဦးတင်ညိုလွင် (ZinYaw Graphic Design), ကျွန်တော် သင်တန်းတွေတတ်ခဲ့တဲ့ iNet Computer , (၃) နှစ်တာ System & Network လုပ်ငန်းခွင်ဝင်ခဲ့တဲ့ Innwa Computer တို့ပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ သင်ကြားပို့ချပေးခဲ့မှုကြောင့်သာ ခုလိုမျိုး Computer Basic, Graphic, Video Editing, A+, Network+, Security+, Programming, Web Development စတဲ့ မတူညီတဲ့ ဘာသာရပ်တွေကို လူငယ်တွေဆီ လက်ဆင့်ကမ်း သင်ကြားပေးနိုင်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်ရေးသားပို့ချထားတဲ့ စာအုပ်နဲ့ Training Video DVD တွေကို အသိအမှတ်ပြုပေးပြီး Professional Member အဖြစ် ဝင်ခွင့် သက်မှတ်ပေးခဲ့တဲ့ MCPA (ကွန်ပျူတာပညာရှင်အသင်း) ကိုလည်း အထူးကျေးဇူး တင်ရှိပါတယ်။ ဆက်လက်ပြီး IT နည်းပညာတွေကို စာအုပ်အနေနဲ့ရော ပို့ချချက် ရုပ်သံ ဗွီဒီယိုဖိုင်အဖြစ်နဲ့ပါ ရေးသား ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ အခု ရန်ကုန်တက္ကသိုလ် M.Sc (Computer Science) သင်ကြားနေရင်းနဲ့ Programming, Computer Science, Database, Web Development စာအုပ်+Video တွေကို မြန်မာလို ရေးသားပြုစုလျက် ရှိပါတယ်။
ဒီပို့ကို ဆုံးအောင် ဖတ်ပေးပြီး Timeline မှာ ပြန် Share ပေးခြင်း၊ Thank AIT Computer လို့ Comment ပေးတဲ့ သင့်ကို AIT Computer မှ ကျေးဇူးကမ္ဘာ လို့ နှုတ်ခွန်းဆက်သပါတယ်။
Thank Everybody!
ကိုဝေဖြိုးအောင် (AIT Computer)
Website: www.aitonlinetraining.com, www.aitcomputermm.com
Comments
Post a Comment