ဖလင်ရုပ်ရှင်ကို အမြန်ဆုံးနိဂုံးချုပ်စေမည့် 4K နည်းပညာ
အခုဆောင်းပါးရဲ့ အဓိကစကားလုံးဖြစ်တဲ့ 4K ဆိုတာ ဘာလဲ မရှင်းပြသေးခင် HD Format နဲ့ AVCHD Format အကြောင်းကို အရင်ပြောပြပါမည်။ HD လို့ အတိုကောက် ခေါ်နေတဲ့ HDV Format ကို Sony နဲ့ Canon ကုမ္ပဏီတို့က Develop လုပ်ခဲ့ပါတယ်။ HDV ရဲ့ အမြင့်ဆုံး ရနိုင်တဲ့ Resolution က 1440 x 1080 ဖြစ်ပါတယ်။ HD မှာ 720 HD လည်း ရှိသေးတာကြောင့် 1080 ရနိုင်တဲ့ HD Format ကို Full HD လို့ ခေါ်ကြပါတယ်။ မိမိအိမ်မှာ Full HD ကြည့်ချင်တယ်ဆိုရင် ဝယ်ယူရမည့် LCD/LED TV ကလည်း Full HD 1080 ဖြစ်မှ ရပါမည်။ ကျွန်တော်ဝယ်ယူထားတဲ့ TV ဆိုရင် 1366 x 768 သာ ရတဲ့အတွက် Full HD အစစ် မရရှိပါဘူး။ ဒါကြောင့် LCD TV ဝယ်ယူမယ်ဆိုရင် 1080 ပါရှိတဲ့ Model Product ကိုသာ ဝယ်ယူသင့်ပါသည်။ ယခင်အပတ်က ဖော်ပြခဲ့တဲ့ AVCHD Format ဟာ 1920 x 1080 ထိ ရတဲ့အတွက် HD လမ်းကြောင်းမှာ ရှေ့တန်းရောက်လာပါတယ်။ 1920 ကို သင်္ချာသဘောအရ နီးရာထောင်ပြည့်ကိန်းယူရင် 2000 ရပါမည်။ ကွန်ပျူတာရဲ့တိုင်းတာတဲ့ Unit တွေမှာ 1000 ကို 1K လို့ သုံးပါသည်။ 2000 ဆိုရင် 2K, 4000 ဆိုရင် 4K လို့ ခေါ်ပါမည်။ 4K လို့ခေါ်တဲ့ Camera မှာ ပါဝင်တဲ့ Resolution တွေက 4096 x 2160 ဖြစ်ပါတယ်။ သတိထားမိရမှာက HD ...