Posts

Showing posts from August, 2020

ဘုန်းကြီးကျောင်းသားဘဝမှ CEO ဖြစ်လာသူ

Image
  သူငယ်တန်းကနေ ဆယ်တန်းထိ ဘုန်းကြီးကျောင်းသားဘဝနဲ့ပဲ ငယ်စဉ်ကျောင်းသားဘဝ ကုန်ဆုံးခဲ့ရတယ်။ ဆင်းရဲတဲ့ ဘုန်းကြီးကျောင်းသားကို ဘယ်သူကမှ အဖတ်မလုပ်ကြလို့ မခံချင်စိတ်နဲ့ စာကြိုးစားရင် အမြဲတမ်း အတန်းထဲမှာ First, Second, Third ဝင်ခဲ့တယ်။ ၁၉၉၉ (၁၀) တန်း Result ထွက်တော့ အနည်းဆုံးတော့ (၄) ဘာသာ ဂုဏ်ထူးပါမှာပဲဆိုတာ မျှော်လင့်ထားရင် (၂) ဘာသာ ဘာသာ (သင်္ချာ + သိပ္ပံတွဲ { Chemistry, Physics, Bio } ပဲ ဂုဏ်ထူးထွက်တော့ မှတ်မှတ်ရရ အဲဒီနေ့မှာ တစ်နေကုန် ငိုခဲ့ရတယ်။ အမှတ်စာရင်း ထွက်လာမှ (၃၈၈) ရပြီး အဲဒီနှစ်က ဆေးကျောင်းကလွှဲလို့ ကျန်တာ အကုန် အမှတ်မှီခဲ့တယ်။ အမှတ်စာရင်းထွက်လာမှ သိရတာက ဂုဏ်ထူး မထွက်ခဲ့တဲ့ဘာသာတွေကလည်း နှစ်မှတ်, သုံးမှတ်လောက်ပဲ ကပ်လိုခဲ့တာ အကုန်လုံးက အမှတ် (၇၀) ကျော်ချည်းပဲ။ [မှတ်ချက် - ၁၉၉၉ ခုနှစ်မှာ အခုခေတ်လို ခြောက်ဘာသာ‌ခေတ် မဟုတ်ပါ၊ (၅) ဘာသာ ခေတ် ဖြစ်ပါသည်။ များသောအားဖြင့် အမှတ် (၄၀၀) ကျော်ရင် ဆေးမှတ်ဝင်ကြပါသည်။] ဒါပေမယ့်လည်း နွားထိုးကြီးကနေ မန္တလေး ရွှေမြို့တော်ကြီးဆီသွားဖို့ ကားခ (၅၀၀) တောင် အိမ်က မထုတ်ပေးနိုင်တဲ့ ဘဝမှာ ကိုယ်ဝါသနာပါတဲ့ ကွန်ပျူတာတက္ကသိုလ်, အင်ဂျင်နီယာတက္ကသိုလ်တွေကို အမှတ်မ...