မြန်မာနိုင်ငံ အဝေးသင်တက္ကသိုလ်များနှင့် e-Learning ကဏ္ဍ (အပိုင်း-၁)
အဝေးသင်တက္ကလိုလ်တွေ ဖျက်သိမ်းသင့် / မသင့် ====================== ဝေဖြိုးအောင် (AIT Computer) နိုင်ငံတစ်ခု တိုးတတ်အောင်မြင်ဖို့အတွက် ပညာရေးသည် အရေးကြီးဆုံး ကဏ္ဍဖြစ်သည်ဟုဆိုလျှင် ငြင်းပယ်မည့်သူ မရှိဟု ထင်ပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် အခြေခံပညာရေး နှင့် အဆင့်မြင့် ပညာရေး နှစ်ပိုင်းရှိရာတွင် အရင်ဆုံးအနေနဲ့ အဆင့်မြင့် ပညာရေးဘက်မှာ e-Learning ကို ဘယ်လို အသုံးချရမလဲ ဆိုတာ ဆွေးနွေးတိုင်ပင်ကြပါမယ်။ အခုမှ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အတွက် အခြေခံပညာရေးမှာ IT အသုံးချ e-Learning ထည့်သွင်းဖို့ဆိုတာ အချိန်အတိုင်းအတာအားဖြင့် စောနေပါသေးတယ်။ ဒါပေမယ့် အဆင့်မြင့် ပညာရေး တက္ကသိုလ်ဘက်မှာ IT အသုံးချ e-Learning Apply ဖြစ်ဖို့က မစောတဲ့အပြင် နောက်ကျနေပြီလို့တောင် ပြောလို့ ရပါတယ်။ University & Computer တက္ကသိုလ်ရုံးခန်းတွေမှာ ကွန်ပျူတာထားပြီး ပရင့်ထုတ်တာလောက်နဲ့တော့ IT နည်းပညာကို တက္ကသိုလ်တွေမှာ အသုံးချနေပြီလို့ မဆိုနိုင်ပါဘူး။ ဒါဟာ စာစီစာရိုက် အဆင့်သာသာပဲ ရှိပါတယ်။ အမှန်တကယ် University e-Learning ဆိုတာ တက္ကသိုလ်ပြဌာန်းစာအားလုံး Digital Content ဖြစ်ရေးနဲ့ ဒါတွေကို မည့်သည့် Digital Device (PC or Mobile...