Mobile Phone လောကကို ခြိမ်းခြောက်နေတဲ့ Phone Virus များ
ဖုန်းမှာ ဝင်တဲ့ Virus မို့ Phone Virus လို့ပြောပေမယ့် အမှန်တကယ်တော့ ကွန်ပျူတာဗိုင်းရပ်(စ်) ပါပဲ။ လုပ်ဆောင်ချက်တွေ အားလုံးဟာ အတူတူပါပဲ။ အဖျက်လုပ်ငန်းတွေလုပ်ဆောင်နိုင်တဲ့ Program တွေ ဖန်တီးလို့ရတယ်ဆိုတဲ့ သဘောတရားကို သိပ္ပံပညာရှင် ဂျွန်ဗွန်နူမန်က ၁၉၄၉ ခုနှစ်ကတည်းက စတင် တွေ့ရှိခဲ့ပါတယ်။ အဲဒီကတည်းက self-replicated လို့ခေါ်တဲ့ ကိုယ့်ဖာသာကိုယ် ဖိုင်ပွားထုတ်နိုင်တဲ့ အနေအထားကို မြင်တွေ့ခဲ့ပါတယ်။ အဲဒီတုန်းက ဗိုင်းရပ်(စ်)လို့ ခေါ်ရကောင်းမှန်း မသိကြသေးပါဘူး။ ၁၉၈၄ ခုနှစ်ကြမှ ဘွဲ့ယူဖို့စာတမ်းပြုစုနေတဲ့ ဖရက်ကိုဟန်က သူ့ရဲ့ စာတမ်းမှာ Self-replicated Program တွေကို Computer Virus လို့ စတင်သုံးစွဲခဲ့ပါတယ်။ ၁၉၈၀ ဝန်းကျင်က Computer Virus တွေဟာ တစ်စက်ကနေ တစ်စက်ကို ကူးစက်ပျံ့နှံဖို့ လူကိုယ်တိုင် အားစိုက်ရပါတယ်။ အင်တာနက် နည်းပညာ ပေါ်လာတဲ့ အချိန်ကျမှ မိနစ်အနည်းငယ်အတွင်း တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံနိုင်အောင် စွမ်းဆောင်လာနိုင်ပါတယ်။ Mobile Device တွေကို တိုက်ခိုက်နိုင်တဲ့ Malicious Program တွေ နှစ်မျိုး ရှိပါတယ်။ Worm နဲ့ Trojan ဖြစ်ပါတယ်။ Worm တွေဟာ User က ခိုင်းနေစရာမလိုဘဲနဲ့တင် SMS, MMS တွေက တဆင...