Posts

Showing posts from March, 2018

နည်းပညာကမ္ဘာထဲမှာနေထိုင်ခြင်း

Image
   နည်းပညာဆိုတာ ကမ္ဘာတစ်ခု ဖြစ်မယ်ဆိုရင် ကျွန်တော်တို့လေ့လာနေတဲ့ပညာတွေဟာ နိုင်ငံတွေပဲ ဖြစ်လာမှာပါ။ လူငယ်တစ်ယောက်ဟာ နည်းပညာကမ္ဘာဆီကို သွားရင် သူအရင်ဆုံး ရောက်မယ့် နိုင်ငံက Computer Basic ဆိုတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အဲဒီနိုင်ငံထဲမှာ OS Basic, Word, Excel, Power Point, Multimedia, Internet ဆိုပြီး ပြည်နယ် ၆ ခု တွေ့ရပါမယ်။ အဲဒီနိုင်ငံမှာ ၂ လကျော်ကြာ နေထိုင်မှ နည်းပညာကမ္ဘာရဲ့ တခြားနိုင်ငံတွေဆီ ဆက်သွားဖို့ လုံလောက်တဲ့ အတွေ့အကြုံတွေ ရရှိမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ DTP နိုင်ငံထဲကို ဆက်လက် ခရီးဆက်ရပါမည်။ ပြည်နယ်အဟောင်းဖြစ်တဲ့ Adobe PageMaker ကို အရင်သွားရမှာ ဖြစ်ပြီး ပြည်နယ်အသစ်ဖြစ်တဲ့ Adobe InDesign ကိုလည်း ရောက်အေင်သွားထားမှ နည်းပညာကမ္ဘာထဲမှာ ခေတ်မှီတဲ့နည်းလမ်းတွေကို အသုံးချခွင့်ရမှာ ဖြစ်ပါတယ်။ DTP နိုင်ငံ ပြီးရင်တော့ သူနဲ့ မကင်းရာ မကင်းကြောင်း ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ Graphic Design နိုင်ငံထဲကို ခရီးဆက်ရပါမည်။ အရင်ဆုံး PhotoShop ပြည်နယ် ထဲကို အရင်ဝင်ရပါမည်။ လေ့လာသင်ယူစရာ အများအပြားရှိပြီး အချိန်ကာလအားဖြင့် (၂) လကြာအောင် လေ့လာသင်ယူရပါမည်။ ဒါပြီးရင်တော့ သူနဲ့ အသွင် သ...