အခြေခံ ဗွီဒီယို ရိုက်ကူးနည်းစနစ်များ
ဒီတစ်ပတ်မှာတော့ ဗွီဒီယိုရိုက်တဲ့နည်းစနစ်တွေကို အခြေခံကျကျ ရှင်းပြချင်ပါတယ်။ Digital Camera ဆိုတာလူတိုင်းမရှိပေမယ့် Smart Phone ဆိုတာကတော့ လူတစ်ယောက်ရဲ့ မရှိမဖြစ် Essential Device ဖြစ်လို့်နေပါပြီ။ မိမိ စိတ်ဝင်စားတဲ့ အကြောင်းအရာ၊အခြေအနေမျိုးနဲ့ ဆုံတွေ့လို့ပဲဖြစ်ဖြစ်၊အမှတ်မထင် မြင်တွေ့လိုက်ရတဲ့ အဖြစ်အပျက်က ထူးခြားဖြစ်ရပ်မို့ မှတ်တမ်းတင်ထားတာပဲဖြစ်ဖြစ် ဗွီဒီယိုရိုက်ကူးဖို့ အခွင့်အရေးရှိလာပါမည်။ အဲဒီအခါမျိုးမှာ အခုဖော်ပြမည့်နည်းစနစ်တွေက စနစ်တကျ သပ်သပ်ရပ်ရပ် ဗွီဒီယိုဖိုင် ဖြစ်အောင် အများကြီး အထောက်အပံ့ဖြစ်သွားပါမည်။ မြင်ကွင်းကို Camera Bound ထဲမှာ ဝင်အောင်ချိန်ပြီး Record နှိပ်လိုက်တာ ဘာမှမခက်ခဲပေမယ့် တန်းဝင်ဗွီဒီယိုဖိုင် တစ်ခုဖြစ်ဖို့ဆိုရင် Focus, Lighting, Exposure, Composition စတဲ့ Video Technique တွေနဲ့ ပြည့်စုံဖို့ လိုအပ်လာပါမည်။ Basic Shot Type အခြေခံရိုက်ကူးနည်းတွေကို အရင်ဆုံးပြောပါမည်။ အခြေခံ Basic လို့ဆိုတဲ့အတိုင်း အရမ်းကိုအခြေခံကျတဲ့ ရိုက်ကူးနည်းစနစ်တွေပါ။ EWS or CS ဒီရိုက်ချက်တွေကို နိုင်ငံခြားကားတွေမှာ အများဆုံးတွေ့ရပါတယ်။ ပြချင်တဲ့နေရာရဲ့တည်နေရာ (Location) ကို Wide Shot န...