Facebook စွဲနေကြပြီလား?
Facebook ကို သင်စွဲလမ်းနေတာ သင့် အပြစ် မဟုတ်ဘူး။ သင်စွဲလမ်းနေတဲ့ Facebook ကနေ ပညာနဲ့ ပိုက်ဆံ မရှာနိုင်ရင်တော့ သင့်အပြစ် ဖြစ်သွားပြီ။ ပြောချင်တာက ဒီလိုပါ။ လူတိုင်း Facebook သုံးနေကြပြီ။ Facebook ဟာ လူသားတွေရဲ့ ဒုတိယ ဘဝ (second life) or Digital Life ဖြစ်နေပါပြီ။ Facebook ဟာ ဘဝ ဆိုရင် ရေရှည် ရှင်သန် ရပ်တည်နိုင်အောင် ပြုစု ပျိုးထောင် ရတော့မှာပေါ့။ လူတစ်ယောက်ရဲ့ ဘဝ ရှင်သန် ရပ်တည်ဖို့ ပညာ, ငွေကြေး, ချစ်ခြင်းမေတ္တာ၊ ကိုယ်ကျင့်တရား စတာတွေ အဓိက လိုအပ်နေသလိုပဲ ဒါတွေကို Facebook ကနေလည်း ရှာဖွေလို့ ရပါတယ်။ Facebook ကို အကျိုးရှိရှိသုံးဖို့အတွက် တစ်နေ့ကို Facebook သုံးချိန် ဘယ်နှစ်နာရီ ရှိသလဲ စစ်မယ်။ ဥပမာ နှစ်နာရီ ရှိတယ်ဆိုရင် တစ်နာရီကို မိမိနဲ့ သက်ဆိုင်တဲ့ ပညာရပ်အတွက် လေ့လာချိန်ထားမယ်။ Update New တွေ ဖတ်မယ်။ မိမိရဲ့ Skillset ကို ဖြည့်တင်းမယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း Group ထဲကို Real ရော digital life ရော ဝင်ထားမယ်။ ဥပမာ နည်းပညာ စိတ်ဝင်စားတဲ့သူ ဆိုရင် MCPA Member ဝင်ထားမယ်။ Facebook Group ရော Facebook Page ရော Like လုပ်ထားပြီး အချိန်နှင့် တပြေညီ ဖြစ်လာတဲ့ Event, Exam, Training, Seminar, IT...